Unicode
{ချောင်ချင်း} CPဖန်များ မွေးဖွားလာခြင်း
(T/n_ Etnပြောတဲ့ချစ်စရာကောင်းတာလေးတစ်ခု_ ချောင်ချင်းရဲ့အသံထွက်က 'လက်ထပ်တော့မယ်'ဆိုတဲ့စကားနဲ့အသံထွက်ချင်းဆင်တူပါတယ်တဲ့
ရှန်ချင်းရှု ညစာစားပြီးလို့ ဟိုတယ်သို့ ပြန်ရောက်လာချိန်မှာ ကျိုးကျင်းမင်က ပြောလာခဲ့တယ်။
"လေယာဥ်လက်မှတ်ပြောင်းရလိမ့်မယ် .. ဒါရိုက်တာက အခုလေးတင်ဆက်သွယ်လာတယ် သူမင်းကို ထုတ်ကုန်တွေအတွက် ရိုက်ကူးချင်သေးတယ်တဲ့.. ဒါကြောင့် လက်မှတ်ကို မနက်ဖန်မနက်ကနေ ညနေပိုင်းကိုပြောင်းလိုက်မယ်"
"ကောင်းပြီ"
ရှန်ချင်းရှု အေးအေးဆေးဆေးပဲပြန်ပြောလိုက်တယ်။"ဒါပေမဲ့ ငါတကယ်ကြီးမထင်ထားမိဘူး.. မင်းက ပထမဆုံးခြေလှမ်းနဲ့တင် ဒီလိုမျိုးပေါက်ထွက်သွားတာပဲ"
ကျိုးကျင်းမင် သူ့ကိုကြည့်လာတဲ့မျက်ဝန်းတွေထဲမှာ တန်ဖိုးထားခြင်းတွေပြည့်နှက်လို့နေတယ်။
"ချင်းရှု မင်းက တကယ့်ကိုစွမ်းအားကြီးလွန်းတယ်"
"ဒါကဘာမှမဟုတ်ပါဘူး"
ရှန်ချင်းရှု အပြုံးလေးနဲ့ပြောလိုက်တယ်။
"ကျွန်တော့်ကို ဒီ variety showမှာပါဝင်ခွင့်ရအောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်"
ကျိုးကျင်းမင်ထံမှ တခစ်ခစ်ရယ်မောသံထွက်လာတယ်။
"ငါတို့ကြားမှာ ဒီလိုစကားမျိုးလိုအပ်လို့လား မင်းရဲ့အောင်မြင်မှုက ငါအတွက်အကောင်းဆုံးပဲကို"
ရှန်ချင်းရှုလည်း လိုက်ပါရယ်မောလိုက်မိတယ်။
သူ ကျိုးကျင်းမင်နဲ့ စကားခဏလောက်ပြောပြီးနောက် အခန်းထဲကိုပြန်လာခဲ့တယ်။
အချိန်ကနောက်ကျနေပြီဖြစ်ကာ ရှန်ချင်းရှုသည်လည်းအိပ်ငိုက်နေခဲ့ပြီ။ ဒီတော့ ရေချိုးပြီးနောက်မှာ အိပ်ယာပေါ်ကိုတက်ပြီး အိပ်ဖို့အသင့်ပြင်လိုက်တယ်။ သူမျက်လုံးတွေမမှိတ်ခင်မှာ ဖုန်းကိုခဏယူကြည့်လိုက်တော့ miss callနှစ်ခုရောက်နေတာကိုမြင်လိုက်ရတယ်။ နှစ်ကောလုံးက ဟန်ချောင်ထံမှပဲ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer