(120.2)

886 142 1
                                    

(120.2)

(T/n_  ဒီတစ်ပိုင်း ကျန်ခဲ့တာကို သတိမထားမိကြဘူးထင်တယ်
မနေ့ညက တစ်ယောက်လာပြောမှ ပြန်ကြည့်လိုက်မိတယ် TvT)

ဟန်မားမားက လောင်လီကို ပစ္စည်းတွေကို ဧည့်ခန်းထဲမှာချထားဖို့ပြောလိုက်တယ်။ ပြီးနောက် ဧည့်ခန်းထဲမှဆိုဖာဆီကိုသွားကာ ဝင်ထိုင်လိုက်တယ်။

ဒီနေ့မှာ သူမက အပြာနုရောင် တရုတ်ရိုးရာလည်ထောင်ဝတ်စုံကိုဝတ်လာတာ။ ထိုဝတ်စုံကို ကြီးမားတဲ့အဖြူရောင်ပျိုနီပန်းတွေနဲ့အလှဆင်ထားကာ တန်ဖိုးကြီးမားပုံပေါနေတယ်။

သူမရဲ့ဆံပင်ကို ပုလဲဆံထိုးဖြင့်အလှဆင်ထားပြီး နားမှာလည်း အရောင်စိုပြီးလှပတဲ့ နီလာနားဆွဲကိုဝတ်ဆင်ထားတယ်။

ရှန်ချင်းရှု သူမကိုကြည့်ရင်း သူမက လှပပြီး တော်ဝင်ဆန်လှကြောင်းတွေးမိနေတယ်။ ဟန်ချောင်နဲ့ ဟန်ယွီတို့ ဒီလောက်လှပနေတာ အံ့သြစရာမရှိတော့ဘူး။ သူတို့ရဲ့အမေဆီမှ အမွေဆက်ခံထားကြတာပဲ။

ဟန်ယွီ သူမဘေးမှာ ဝင်ထိုင်လိုက်တယ်။ ပြီးနောက် ဟန်ချောင်က ရှန်ချင်းရှုနဲ့အတူ ဝင်ထိုင်လိုက်တယ်။

"မား.. ဘာလို့ဒီကိုလာတာလဲ"

ဟန်ချောင်မေးလိုက်တယ်။

"မနေ့က မင်းရဲ့မွေးနေ့မှာ မင်းရဲ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်နေတာလေ.. မား မင်းကိုမနှောင့်ယှက်ချင်လို့.. ဒါကြောင့် ဒီနေ့မှ မင်းအတွက် သက်ရှည်ခေါက်ဆွဲလာလုပ်ပေးတာ.. မင်းရဲ့မွေးနေ့မှာ ဒါကိုစားရမယ်.. ဒါမှ ကံကောင်းစေမှာ"

ဟန်ချောင် သူ့ရဲ့အမေက ထို့အတွက်လာခဲ့တယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ သူမရဲ့စကားကိုကြားတော့ စိတ်လှုပ်ရှားမိနေတုန်းပဲ။

"ကျေးဇူးပါ မား"
သူ အလေးအနက်ပြောလိုက်တယ်။

မားမားဟန်ပြုံးလိုက်တယ်။

"ကျေးဇူးတင်စကားဆိုရမဲ့ ကိစ္စမျိုးလား"

သူမက အခန်းတဝိုက်ကို စိတ်ကျေနပ်စွာလှည့်ပတ်ကြည့်လိုက်တယ်။

"မင်း ဒီမှာအတော်လေး သန့်ရှင်းထားတာပဲ"

"ဟုတ်တယ်.. ကျွန်တော့်ဘာသာလုပ်တာလေ.. ပျင်းနေရင်တော့ အန်တီ့ကိုလှမ်းခေါ်လိုက်တယ်"
ဟန်ချောင်ပြုံးလိုကာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now