Zawgyi
ဒေါသထွက်နေတဲ့ ဆန်းရွှမ်အတွက် ပြန်လည်ထိုးနှက်ချက် & weibo fan တွေတိုးလာပြီ
ပိုင်ရွှယ်ကောတစ်ညလုံးစိတ်ဓာတ်ကျနေခဲ့ပေမယ့် နောက်နေ့မနက်ရိုက်ကူးရေးလုပ်ရမယ့်အချိန်မှာတော့ စိတ်အခြေအနေပြန်ကောင်းလာခဲ့ပြီ။ ရှန်ချင်းရှုနဲ့မျက်နှာချင်းဆိုင်ရမှာကို ရှက်ရွံ့နေတဲ့ခံစားချက်ပဲကျန်တော့တယ်။
ရှန်ချင်းရှု သူ့ဆီကိုနှစ်ခါတောင်သွားတွေ့ခဲ့ပေမယ့်လည်း ထိုသူက တောင့်တင်းနေတဲ့အခြေအနေမှာရှိနေတုန်းပဲ။ ဒါကြောင့် ရှန်ချင်းရှုအနေနဲ့ ပိုင်ရွှယ်ကောအတွက် အချိန်နည်းနည်းလောက်ထပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။
အချိန်က နှစ်ရက်သုံးရက်ခန့်ကုန်ဆုံးသွားခဲ့ပြီ။ ကျိုးကျင်းမင် ရှန်ချင်းရှုကိုပေးခဲ့တဲ့ရိုက်ကူးရေးအချိန်ဇယားအတိုင်းပဲ ဒီသုံးရက်အတွင်းမှာ ဆုလော်ရဲ့ဇာတ်ဝင်ခန်းတွေ မရှိခဲ့ဘူး။
သို့ပေမယ့် ဒါကအဓိကအချက်မဟုတ်သေးဘူး။ အတယ့်ဖရဲစေ့ကိုက်စရာကောင်းတဲ့အချက်က နောက်ထပ်နေ့ရက်တွေအတွက် အသစ်ထွက်လာတဲ့အချိန်ဇယားထဲမှာလည်း ဆုလော်ရဲ့အခန်းတွေမပါသေးတဲ့ကိစ္စပဲ။ ဆုလော်ရဲ့အခန်းတင်မဟုတ်ဘဲ ဆန်းရွှမ်ရဲ့အခန်းတွေကလည်း တကယ့်ကိုနည်းပါးနေခဲ့တယ်။
"ဘာဖြစ်နေတာလဲ"
ရှန်ချင်းရှု အံ့ဩစွာမေးလိုက်တယ်။"အမ်း"
ကျိုးကျင်းမင်က ရှင်းပြလာတယ်။"ငါတို့ရဲ့မမလေးဆုက ထပ်ပြီးတော့ စိတ်တည်ငြိမ်မှုပျက်သွားတာမဟုတ်ဘူးလား သူ(မ)က ဒါရိုက်တာလီသာ သူမကိုရိုက်ကူးဖို့မခေါ်ဘူးဆိုရင် သူမကလည်းသွားမရိုက်နိုင်ဘူးဆိုပြီး ဆန္ဒပြနေတာလေ"
"ဆန်းရွှမ်ကျတော့ရော"
"သူက ဆုလော်ထောက်ခံပေးထားတဲ့သူလေ သူ့ကြောင့် ဆုလော်ရှာခဲ့တဲ့ပြသနာတွေက နည်းမှမနည်းတာ ဒီတော့ ဒါရိုက်တာလီကဆုံးဖြတ်လိုက်တယ်လေ ဆုလော်က သူ့ကိုဆန့်ကျင်နေတယ်ဆိုမှတော့ သူကလည်းဆန်းရွှမ်ရဲ့ဇာတ်ဝင်ခန်းတချို့ကိုပါ ဖျက်ချပေးလိုက်တာ"
ကျိုးကျင်းမင်ပြောရင်းနဲ့ပဲ တစ်လက်စထဲရှင်းပြလိုက်တယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer