Zawgyi
ရိုးရိုးသားသားပြောရရင် ဟန်ချောင်က သူ့ရဲ့ပထမဆုံးအကြိမ်မှာ ခုလိုတန်ဖိုးကြီးကျောက်ရိုင်းတုံးလေးကိုရရှိခဲ့တဲ့အတွက် ကံကောင်းလွန်းတယ်လို့ ခံစားနေမိတာဖြစ်တယ်။
သူတို့နှစ်ယောက်က appထဲမှာလည်း အရမ်းကြီးအဆက်အသွယ်လုပ်ခဲ့တာမျိုးမရှိခဲ့ဘူးလေ။ ဓာတ်ပုံတွေပေးပို့ရုံနဲ့ အပြန်အလှန် လိုအပ်ချက်တွေကို ဝေမျှခဲ့တာတွေနဲ့စတင်ခဲ့ပြီး အခုလိုမျိုးတွေ့ဆုံဖို့သဘောတူခဲ့ကြတာ။
ဒီကိုမလာခင်တုန်းကအထိတောင် ဟန်ချောင်တစ်ယောက် သူအရမ်းစိတ်လက်မာန်ပါလုပ်မိတာများလားလို့ တွေးနေခဲ့မိတုန်းပဲ။ ဒီကိုရောက်လာချိန်မှာလည်း သူမဆင်မခြင်လုပ်လွန်းတယ်ဆိုပြီး ပိုပြီးတော့တောင် ခံစားနေမိတာဖြစ်တယ်။
ဒါပေမယ့်အခုချိန်မှာတော့ ဒီညက တော်တော်လေးကောင်းမွန်တယ်လို့တွေးမိသွားပြီ။
သူတို့တွေ စတင်တွေ့ဆုံတဲ့အချိန်တုန်းက ရှန်ချင်းရှုက ခေါင်းကိုငုံ့ကိုင်းထားပြီး တိတ်ဆိတ်စွာရှိနေခဲ့တယ်။ သူ ဘယ်လိုမေးခွန်းတွေပဲ မေးမြန်းခဲ့ပါစေ အဖြေစကားပြန်မရရှိခဲ့ဘူး။ ဒါကြောင့် သူ့ကိုယ်သူ ရိုးသားတဲ့လူတစ်ယောက်ကို ပြည့်တန်ဆာလုပ်ဖို့အတင်းအကြပ်ဖိအားပေးတဲ့လူလိုမျိုးတောင် ခံစားခဲ့ရတယ်။ ဟန်ချောင် ဘာမှမလုပ်တော့ဘဲ ထွက်သွားလိုက်မိတော့မတတ်ဘဲ။
ရေချိုးနေတဲ့အချိန်အတွင်းမှာလည်း သူရေချိုးခန်းထဲက ထွက်သွားတဲ့အချိန် တစ်ဖက်လူက သေဆုံးလုနီးပါးအခြေအနေအတိုင်းရှိနေသေးရင် သူအဝတ်အစားတွေပြန်ဝတ်ပြီး ထွက်သွားတော့မယ်လို့တွေးနေခဲ့တာဖြစ်တယ်။ ဒါဆို သူ့ရဲ့ခံစားချက်တွေလည်း ပျက်စီးတော့မှာမဟုတ်ဘူးလေ ။
သို့ပေမယ့် အံ့သြစရာကောင်းစွာပဲ သူပြန်ထွက်လာတဲ့အချိန်မှာ ရှန်ချင်းရှုက တခြားလူတစ်ယောက်လိုမျိုးပြောင်းလဲသွားခဲ့တယ်လေ။ သူက စိတ်အားထက်သန်တဲ့ပုံစံလေးဖြစ်သွားပြီး အားအင်တွေပြည့်ဝနေသလိုပဲ။ သူ့ရဲ့မူလပုံစံဖြစ်တဲ့အရှက်ကြီးမှုတွေက ချစ်စရာကောင်းမှုအဖြစ်ပြောင်းလဲသွားခဲ့တယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer