(127.2)

804 153 1
                                    

127(part_2)

ရှန်မားမား သူ့ဘက်ကိုလှည့်ကြည့်လိုက်တယ်။ ရှန်ချင်းယွီရဲ့ မျက်လုံးတွေက အရင်တုန်းကလိုမျိုး နူးညံ့ကာ သိမ်မွေ့နေဆဲ။ သူ့ဆီမှာ ဆိုးရွားတဲ့အတွေးမျိုး လုံးဝရှိမနေသလိုမျိုးပဲ။ သူ့ကိုမြင်သမျှလူတိုင်းက လိမ်မာပြီး နာခံတတ်တဲ့ကလေးလို့ ထင်ကြလိမ့်မယ်။

သူမလည်း ထိုသူက သူမရဲ့အကောင်းဆုံးကလေးလို့ထင်ခဲ့ဖူးတယ်။ သူမက သူ့ကိုအများကြီးချစ်ပေးခဲ့တယ်။ သူမရဲ့ သားအရင်းထက်တောင်မှလေ ပိုပြီးချစ်ပေးခဲ့တာလေ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူက သူမကို  အရာအားလုံးဆုံးရှုံးပြီး ထွက်သွားစေချင်ခဲ့တယ်။

ရှန်မားမား တကယ်ကိုနားမလည်နိုင်ဘူး။

"ရှောင်ယွီ.. မင်းရဲ့မားက မင်းကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့ဖူးလား"

ရှန်ချင်းယွီ အကြာကြီးကြောင်အသွားပြီးမှ ခေါင်းခါယမ်းလိုက်တယ်။

"မား.. မင်းက ကျွန်တော့်အပေါ် အများကြီးကောင်းပေးတာပါ"

"ဒါဆို မင်းပိုက်ဆံချေးတဲ့အချိန်တုန်းက မင်းရဲ့အမေကို ဘာလို့ ဘာမှမပြောခဲ့ရတာလဲ"

မင်းရဲ့အမေကို ဘာလို့များ ဒီလောက်ထိ နာကျင်စေရတာလဲ?

ရှန်ချင်းယွီ သူမရဲ့မျက်ဝန်းထဲမှ ဝမ်းနည်းမှုကိုမြင်တော့ အပြစ်ရှိသလိုခံစားရလာတယ်။

"ကျွန်တော်က မားတို့ကို ကူညီပေးချင်လို့ပါ.. ကျွန်တော် မားနဲ့ပါးတို့အတွက် စိတ်ပူလို့ လမ်းမှားကိုရွေးလိုက်မိတာ"

သူက သူမကို ဒီအချိန်ထိလှည့်စားနေတုန်းပဲ။

သူမရဲ့လက်ထဲမှ ပန်းတွေကိုကြည့်ရင်း မားမားရှန် အကိုင်းတွေကို ဖြည်းညှင်းစွာညှပ်ချလိုက်တယ်။ ပြီးနောက် ကျန်ရစ်နေတဲ့ပန်းကို ပန်းအိုးထဲသို့ ထိုးစိုက်လိုက်တယ်။

သူ့ကို နှစ်၂၀ကျော်လောက် ဘာအတွက်ပျိုးထောင်ခဲ့တာလဲ။

အဆုံးမှာ သူတို့က သွေးသားတော်စပ်နဲ့ အမေနဲ့သားမှ မဟုတ်ခဲ့ဘဲလေ။

သူမက သူမရဲ့သားအကြောင်းမသိခဲ့ဘူး

သူကလည်း သူ့ရဲ့အမေဖြစ်သူကို မချစ်ခဲ့ဘူး။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now