Unicode
ဟန်ယွီီတစ်ယောက် သူ့ရဲ့တိတိကိုမြင်တဲ့အချိန်မှာ ခြေလှမ်းတွေကိုရပ်တန့်ပြီး ခဏလောက်ကြာတဲ့အထိ အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်လိုက်ပြီး အဓိပ္ပာယ်အပြည့်နဲ့ပြောလာတယ်။
" မင်းမှာ ပြန်လာချင်စိတ်ရှိသေးတယ်ပေါ့လေ"
ဟန်ချောင် မသက်မသာနဲ့ပဲ သူ့ကိုတွန်းထုတ်လိုက်တယ်။
"ကော လမ်းပိတ်နေတယ်"
သူပြောပြီးနောက် ရှေ့ကိုဆက်သွားချင်ပေမဲ့လည်း ဟန်ယွီီက အာမေဋိတ်သံတစ်ချက်ပေးလာတယ်။
"မင်းရဲ့လည်ပင်းနောက်မှာ ဘာကြီးလဲ? ဘယ်သူအမှတ်အသားချန်ခဲ့တာလဲ? ဒီလိုရာသီမျိုးမှာ ဒီလောက်ကြီးတဲ့အမှတ်မျိုးချန်ထားနိုင်လောက်တဲ့ ခြင်တော့မရှိပါဘူး"ဟန်ချောင်အပြစ်ရှိစိတ်ကြောင့် သူ့ရဲ့လည်ပင်းကို ချက်ချင်းကာလိုက်မိတယ်။
ဟန်ယွီီ သူ့အနားကိုအပြုံးတစ်ခုနဲ့တိုးကပ်လာပြီး ပြောလာတယ်။
"ချင်းချင်းတိတိများလား"
"သေချာပေါက်မဟုတ်ဘူးပေါ့"
"ဒါဆို ဘယ်သူလုပ်တာလဲ"
"ဘယ်သူမှ.."
"No one."ဟန်ချောင် ပြောလိုက်ပြီးနောက် ထိုနေရာကို ဂရုတစိုက်ထိလိုက်ပြီးမှ ပြန်လှည့်ပြီးပြောလိုက်တယ်။
"ကော ကျွန်တော့်ကိုလှည့်စားနေတာလား"
"သေချာတာပေါ့ မင်းလည်း အဲဒါကို အချိန်တိုင်းကျရှုံးနေတာလေ"
ဟန်ချောင်:....
"မင်းပဲ မင်းနဲ့ ချင်းချင်းက ဒိတ်နေတာမဟုတ်ဘူးလို့မပြောခဲ့ဘူးလား'
ဟန်ယွီီ အပြုံးနဲ့မေးလာတယ်။ဟန်ချောင်:...
ဟန်ချောင် အစ်ကိုဖြစ်သူကို အကူအညီမဲ့စွာကြည့်လိုက်တယ်။ သူ့အနေနဲ့ သူတို့တွေက " ဒိတ်နေတာမဟုတ်ဘူး ကားသူငယ်ချင်းတွေ!" ဆိုတဲ့စကားကိုမပြောလိုက်နိုင်ဘူး။
အဲဒါကိုသာပြောလိုက်ရင် သူ့ရဲ့ကောကောက တစ်နှစ်ပတ်လုံး ရှော့ရနေလိမ့်မယ်!
"ကျွန်တော်က မဟုတ်ဘူးလို့ပြောပြီးပြီလေ.. ဆက်မခန့်မှန်းနေနဲ့တော့"
ဟန်ချောင် နောက်လှည့်ပြေးဖို့ပြင်တယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
FantasyAuthor(s) Lin Ang Si 林盎司 213 Chapters + 59 Extra (complete) This story isn't mine. Just a fan translation. Start _ 28.6.2022 English nameက copy rightမိမှာစိုးလို့ဖျက်ထားတယ်နော် သိချင်ရင် message မှာလာမေးလို့ရပါတယ်