Zawgyi
ဟန်ချောင်: မင်းကကိုယ့်အတွက် အရေးအပါဆုံးသောပေါင်ပေ့သေးသေးလေးလေ~
သူတို့ရိုက်ကွင်းထဲကလူတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် သူနဲ့ပိုင်ရွှယ်ကောက တစ်ဖွဲ့လုံးမှာ အချောဆုံးလူတွေပဲ။ ဒါပေမယ့် ပိုင်ရွှယ်ကောက ခုမှ 17နှစ်ပဲရှိသေးတာလေ။ သူသာ ဒီနေ့မှာ ပိုင်ရွှယ်ကောနဲ့ လျို့မင်တောင်တန်းမှာ လွတ်လွတ်လပ်လပ်ခရီးထွက်လိုက်မယ်ဆိုရင် မနက်ဖန်မှာ လွတ်လမ်းမရှိ တားဆီးခံထားရတဲ့ တံခါးနှင့်ပြတင်းပေါက်ရဲ့နောက်ကိုရောက်သွားရလိမ့်မယ်။
ဒီတော့ ဒီနေရာမှာ ဘယ်သူမှကိုရှိမနေတာ အမှန်ပဲလေ။
"ခင်ဗျားရဲ့ရုပ်ရည်အပေါ်မှာ ယုံကြည်ချက်ထားစမ်းပါ ကျွန်တော်တို့အဖွဲ့သားထဲကဘယ်သူကမှ ခင်ဗျားကိုမယှဉ်နိုင်ဘူး ..ခင်ဗျားကမှ အချောဆုံးလူဖြစ်ပြီး ကျွန်တော့်အပေါ်ကောင်းပေးတဲ့လူပဲ..ကျွန်တော်က ခင်ဗျားလိုလူကို ဘယ်လိုစိတ်နဲ့ချန်ထားခဲ့ပြီး နောက်တစ်ယောက်ထပ်ရှာမှာလဲ ဟုတ်တယ်မလား"
"ကိုယ်မင်းကိုယုံသင့်လို့လား"
“ယုံသင့်တာပေါ့ စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို Wechatကနေ နေ့တိုင်းစာပို့ပါ့မယ် တစ်နေ့ကိုသုံးကြိမ်ပို့ပေးမယ် မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်"
“ဒီစကားကတော့ လက်ခံနိုင်လောက်စရာပဲ"
ရှန်ချင်းရှု စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိပြီး စကားလမ်းကြောင်းလွှဲရန်ဆုံးဖြတ်လိုက်တယ်။
"ခင်ဗျားရော အိမ်မှာအဆင်ပြေရဲ့လား"
"အိုး ..နှစ်ရက် ၊22နာရီနှင့် 36မိနစ်ကြာပြီးနောက်မှာတော့ ကိုယ်အဆင်ပြေရဲ့လားဆိုတာကိုမေးဖို့ သတိရသွားပြီပဲ"
ရှန်ချင်းရှု:....
ရှန်ချင်းရှု မျက်ရည်ကျမလာဘဲနဲ့ အော်ငိုမိတော့မလိုပဲ။ သူအဲဒီမေးခွန်းကိုမမေးလိုက်မိဘူး။ ဒေါသမုန်တိုင်းက နောက်တစ်ခါပြန်လာတော့မှာပဲဟ!
သူဘာတစ်ခုမှလည်း မလုပ်လိုက်ရပါပဲနဲ့ ဟန်ချောင်ရဲ့စကားလုံးတွေထဲမှာ အိမ်ကိုပြန်မလာတဲ့ လူဆိုးကောင်ဖြစ်နေပြီပဲ။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer