(121) ကိုယ့်ရဲ့ကောကောဆီဝန်ခံလိုက်ရပြီ& "ဖက်ပေးပါဦး"

1.8K 244 11
                                    

(121) ကိုယ့်ရဲ့ကောကောဆီဝန်ခံလိုက်ပြီ& "ဖက်ပေးပါဦး"

"ကျွန်တော့်မှာ တိတ်ဆိတ်နေခွင့်ရှိတယ်"
ဟန်ချောင် အတွန့်တက်လိုက်တယ်။

ဟန်ယွီ ကြင်နာမှုအပြည့်နဲ့ခေါင်းညိတ်လိုက်တယ်။
" ဒါဆို ငါ ချင်းချင်းကိုမေးလိုက်မယ်"

ဟန်ချောင်:;!!

ဟန်ချောင် ပြောစရာမဲ့နေပြီ။

"မင်း သိရမှဖြစ်မှာလား"

"မင်း ငါ့ကိုပေးသိလို့မရတာများ ရှိနေလို့လား"

ဟန်ချောင်:....

"သူပဲ"

ဟန်ချောင် သူ့ရဲ့ကံတရားကိုလကကခံလိုက်ရပြီ။

"ချင်းချင်းက ဘာလို့ မင်းရဲ့အိပ်ယာပေါ်မှာ ပေါ်လာရတာလဲ.. မင်း မနေ့ကအမူးလွန်သွားပြီး သူနဲ့မှားအိပ်မိတာလို့တော့ ငါ့ကိုမပြောဘူးမလား"

"ဘာလို့မဖြစ်နိုင်ရမှာလဲ?”

ဟန်ချောင် မရမနေကပ်သပ်ပြီးပြောလိုက်တယ်။

"အင်း.. ဖြစ်နိုင်တာပေါ့.. ဒါပေမဲ့ မင်းတို့က အမှားလုပ်မိပြီး အတူအိပ်ခဲ့မယ်ဆိုရင်တောင် ကလေးတွေအတွက် မသင့်တော်တဲ့ကိစ္စတွေကိုတော့ မှားပြီးမလုပ်နိုင်ဘူးမလား"

"ဝမ်လောင်ရှီး.. မင်း မူးနေတဲ့အချိန်မှာ ကလေးတွေအတွက် မသင့်တော်တာမျိုးလုပ်နိုင်ဘူးလေ.. နားလည်ရဲ့လား"

"မင်း ကြိုးစားဖူးတာလား"

"ကျွန်တော်က သိပ္ပံပညာကို ယုံကြည်တယ်"
(* သူ စာတွေမှာဖတ်ဖူးတယ်လို့ပြောချင်တာပါ)

"ဒါပေမဲ့ မင်း မနေ့ညတုန်းက လက်တွေ့လုပ်ပြီး အမှန်တရားကိုစမ်းသပ်မဲ့အစား သိပ္ပံပညာကိုယုံကြည်လိမ့်မယ်ဆိုတာ ငါက ဘယ်လိုယုံကြည်ရမှာလဲ"

ဟန်ယွီ ပြုံးလိုက်တယ်။

"ပြောရရင် မနေ့ညက မင်းတို့တွေ ဘာဖြစ်ခဲ့ကြလဲဆိုတာကို ငါမှမမြင်ခဲ့ရတာ"

ဟန်ချောင်:...

"ထပ်ပြောရရင်.. မင်းက တစ်စုံတစ်ယောက်နဲ့ မှားပြီးအတူအိပ်မိတာကို နောက်တစ်ရက်နိုးလာတဲ့အချိန်မှာ လန့်ဖြန့်မသွား၊ ထွက်မသွားချင်တဲ့အပြင် မင်းက သူ့ကိုတောင် ဆက်အိပ်ဖို့ ချော့မော့နေသေးတယ်ပေါ့.. ဒါက ဟိုးအရင်ကတည်းက ကြိုတင်ကြံစည်ထားတာများလားနော်..ဒါမှမဟုတ် မင်းရဲ့ခေါင်းကများ မကောင်းတော့တာများလား"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now