Zawgyi
နေ့တစ်ရက် ရှန်ချင်းရှုနိုးလာချိန်မှာတော့ ဟန်ချောင်တစ်ယောက်အိပ်ယာထဲမှာပဲရှိနေသေးတာကို အံ့သြဖွယ်ကောင်းစွာတွေ့လိုက်ရတယ်။
"ခင်ဗျားဒီမှာရှိနေတုန်းပဲလား"
သူသန်းဝေလိုက်ရင်း မေးလိုက်တယ်။“ဘာလို့လဲ ကိုယ့်ကိုမြင်ရတာ မင်းရဲ့စိတ်ကို ဆိုးရွားစေလို့လား"
သူတို့တွေ ပထမဆုံးကားမောင်းခဲ့တဲ့မနက်တုန်းကကျတော့
"ကျွန်တော့်ရဲ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အချိန် ခင်ဗျားကိုတွေ့လိုက်ရတာ အရမ်းပျော်တာပဲ"လို့ပြောခဲ့တယ်လေ။အခုကျတော့ ဘယ်လိုဖြစ်ပြီး "ခင်ဗျားဘာလို့ဒီမှာရှိနေရသေးတာလဲ"လို့ပြောင်းလဲသွားနိုင်ရတာလဲ?!မင်းနာမည်ကို အမှိုက်လိုလူကြီးလို့ပြောင်းလဲသင့်နေပြီဆိုတာသိရဲ့လား!
"ဘယ်ဟုတ်ပါ့မလဲ"
ရှန်ချင်းရှု ဟန်ချောင့်ကိုဖက်တွယ်ကာ သူ့ရဲ့လက်မောင်းထဲမှနေပြီး ဟန်ချောင့်ကိုပွတ်သတ်လိုက်တယ်။"ဒီအချိန်ဆို ခင်ဗျားချက်ပြုတ်နေကျမဟုတ်ဘူးလား"
ဟန်ချောင်:.....
နားထောင်.. ဒါကလူတစ်ယောက်ပြောသင့်တဲ့စကားလား?!
သူက နေစရာအိမ်စီဉ်ပေးထားတယ် ။ ချက်ပြုတ်ကျွေးပြီး ဒုံးပျံဂိတ်တွေလည်း တစ်ကြိမ်ကိုတစ်သောင်းလောက်ရစေဖို့အထိ ပို့ပေးထားသေးတယ်လေ!
ညနေပိုင်းမှာဆိုရင် သူကရှန်ချင်းရှုနဲ့မောင်းနှင်ခဲ့တယ်။ ဒါပေမယ့် ပထမဆုံးအကြိမ်အနေနဲ့ သူ့ကိုယ်သူကားပိုင်ရှင်တစ်ယောက်မဟုတ်ဘဲ နာနီတစ်ယောက်လိုမျိုးဖြစ်နေပြီလို့ ဟန်ချောင်တွေးမိသွားတာပဲ!
နာနီတွေကမှအချိန်ပိုဆင်းရင် အပိုငွေရသေးတယ်။ သူမှာတော့ ဘာတွေပြန်ရလို့လဲ?!
သူက သခင်ငယ်လေးကို ညဘက်တွေမှာအလုပ်အကျွေးပြုရပြီး နေ့ဘက်မှာတော့ချက်ပြုတ်ကျွေးမွေးနေရတယ်! အဓိကအချက်က အဲဒီသခင်ငယ်လေးက သူ့ကိုလုပ်အားအတွက်ပေးချေတာမျိုးမဟုတ်ဘဲ သူကမှ သခင်ငယ်လေးကို ဆုလက်ဆောင်တွေပို့ပေးနေရတာ!

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer