125_ မင်းက ကိုယ်ကိုလက်ထပ်ဖို့ မစောင့်နိုင်တော့ဘူးလား?
ရှန်ပါးပါး စာချုပ်ကို အချိန်အကြာကြီးဖတ်နေခဲ့ပေမဲ့ သူ့နာမည်ကို လက်မှတ်မထိုးနိုင်သေးဘူး။
သူ လက်မှတ်မထိုးရဲဘူး။သူသာလက်မှတ်ထိုးလိုက်ရင် သူ့အနေနဲ့ ဘယ်တော့မှ ဖင်းဟွေ့ရဲ့သူဋ္ဌေးထပ်ဖြစ်လာတော့မှာမဟုတ်တော့ဘူး။
သို့ပေမဲ့ သူလက်မှတ်မထိုးခဲ့ရင်လည်း ဟန်ချောင်က သူ့ကိုသေချာပေါက်ကူညီမှာမဟုတ်ဘူးလေ။ ရှန်ချင်းယွီက ဒီလောက်အထိသွားပြီးခဲ့ပြီ။ သူ ရပ်တန့်တော့မှာမဟုတ်ဘူး။ ယန်ကျားယွီနဲ့ ကျိုးဟိန်တို့ရဲ့အကူအညီနဲ့ဆိုရင် သူ(ရှန်ဖင်း)က ဒီပွဲကို အောင်နိုင်တော့မှာမဟုတ်ဘူး။
သူ ရုတ်တရက် အဆင်မပြေမှုကို ခံစားလာရတယ်။ ဖင်းဟွေ့။ ဖင်းဟွေ့။ ဖင်းက သူ့ရဲ့ဖင်းဖြစ်ပြီး ဟွေ့က သူ့ဇနီးသည် ရှုဟွေ့ရဲ့ ဟွေ့ထံမှ သံတူကြောင်းကွဲစကားလုံးကို ယူထားခဲ့တာ။ သူရွေးချယ်ထားတဲ့ ဟွေ့က တောက်ပခန်းနားတဲ့ဟွေ့ဖြစ်ပြီး အခုလိုမျိုး အဆုံးသတ်သွားရလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။
(T/n_ ဖင်းဟွေ့ရဲ့ ဟွေ့က တောက်ပခန်းနားမှုဖြစ်ပြီးရှုဟွေ့ရဲ့ဟွေ့ကတော့ ဥာဏ်ရည်ထက်မြက်ခြင်းပါ)
မားမားရှန်က သူ့ကိုငေးကြည့်နေခဲ့ကာ ဘာကိုမှမပြောခဲ့ဘူး။
သူမ ရှန်ဖင်းရဲ့နှလုံးသားထဲမှ နာကျင်မှုကို နားလည်နိုင်တယ်။ သူမလည်းပဲ နာကျင်ခံစားရတာပဲ။ ဖင်းဟွေ့တစ်ဖြည်းဖြည်းကြီးထွားလာတာကို သူမရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ကြည့်နေခဲ့ရတာ။ အခုလိုဖြစ်လာချိန်မှာ သူမလည်းမြင်တွေ့ရတာ တုန်လှုပ်ရတာပဲ။
စာချုပ်ကို လက်မှတ်ထိုးလိုက်ရင် ဖင်းဟွေ့ကိုကယ်တင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ရှန်ဖင်းနဲ့တော့ မသက်ဆိုင်တော့ဘူးစာချုပ်ကိုသာ လက်မှတ်မထိုးခဲ့ရင် ဖင်းဟွေ့က လုံးလုံးလျားလျားပျက်စီးသွားရလိမ့်မယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer