Chapter (9.2) မင်းကိုယ့်ကို မကြိုက်ဘူးလား ?

9.8K 1.4K 67
                                    

Zawgyi

နောက်နေ့မနက် ရှန်ချင်းရှုနိုးလာချိန်မှာတော့ သူ့ဘေးမှာရှိနေခဲ့တဲ့လူက ကွယ်ပျောက်သွားခဲ့ပြီ။ ထိုအစား pajamas တစ်ဆက်နဲ့ သန့်ရှင်းတဲ့အတွင်းခံတစ်ထည်ကိုသာ ချန်ထားပေးခဲ့လေတယ်။ ဟန်ချောင်က သူ့အတွက်ချန်ထားပေးခဲ့တဲ့ပုံပဲ။

ဒါကဘာလဲ?

သူတို့ဟိုတယ်မှာတုန်းကတောင် နှစ်ယောက်အတူနိုးထခဲ့တာကို ရှန်ချင်းရှုပြန်တွေးမိသွားတယ်။ အခုတော့ သူမနိုးခင်မှာပဲ တစ်ဖက်လူကထွက်သွားခဲ့ပြီ။

ဒါက လူတွေ ကိုယ်လိုချင်တာကိုရပြီးသွားရင် တန်ဖိုးမထားတော့ဘူး ဆိုတာလိုမျိုးမဟုတ်ဘူးလား?

သူလိုချင်တဲ့ကားက သူ့ရဲ့သိုလှောင်ခန်းထဲကိုရောက်သွားလို့ သူ့အပေါ်တန်ဖိုးထားမှုတွေလျော့ကျသွားတာများလား?

သက်ပြင်းရှည်တစ်ချက်ကို လေးလေးပင်ပင်ချလိုက်ပြီး ရှန်ချင်းရှုအဝတ်အစားတွေကိုကောက်ဝတ်လိုက်တယ်။

ဟန်ချောင်က သူ့ထက်အရပ်ရှည်တဲ့အတွက် pajamasကလည်း သူ့ထက်ကြီးနေမှာကတော့ အမှန်ပဲလေ။ ရှန်ချင်းရှု ပျင်းရိစွာနဲ့ဖိနပ်ပါးကိုစီးလိုက်ပြီး အခန်းပြင်သို့ထွက်လိုက်တယ်။

သူရေသွားချိုးတော့မလို့ဘဲ။ ဒါပေမယ့်ရုတ်တရက်ကြီး သူ့နှာခေါင်းထဲကို ထမင်းဟင်းနံ့လေးတွေက အလုအယက်တိုးဝင်လာခဲ့တယ်။ ဒါကြောင့် သူမီးဖိုချောင်ထဲကိုဝင်ကြည့်လိုက်တော့ ချက်ပြုတ်နေဆဲဖြစ်တဲ့ဟန်ချောင်ရဲ့နောက်ကျောပြင်ကြီးကဆီးကြိုနေခဲ့တယ်။

"ခင်ဗျား ထမင်းဟင်းချက်တတ်တယ်ပေါ့"
ရှန်ချင်းရှု အံ့ဩတကြီးနဲ့ အထဲကိုဝင်ပြီးမေးလိုက်တယ်။

"နိုးပြီလား"

ဟန်ချောင်ကသူ့ကိုလှည့်ကြည့်လာတာကြောင့် ရှန်ချင်းရှုခေါင်းညိတ်ပြလိုက်တယ်။

"ခင်ဗျားထွက်သွားပြီလို့ထင်နေတာ"

"ဒါကကိုယ့်ရဲ့အိမ်လေကွာ ကိုယ်ကဘယ်ကိုထပ်သွားရမှာလဲ"

ဟန်ချောင်က ဟင်းအိုကိုငုံ့ကြည့်လိုက်ပြီး စိတ်ရွှင်လန်းနေဟန်ရှိတဲ့အပြုံးနဲ့ ရှန်ချင်းရှုကိုလှမ်းပြောလာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now