Chapter (66.3)

3.5K 672 11
                                    

Unicode

ရှန်ချင်းရှု သံသယစိတ်တွေနဲ့ သူ့ကိုစာပြန်ပို့လိုက်တယ်:

[ဘာဖြစ်တာလဲ ? ဘယ်သူ မင်းကိုစိတ်တိုအောင်လုပ်တာလဲ?]

ပိုင်ရွှယ်ကော အလျှင်အမြန်နဲ့စာပြန်လာတယ်:

[ ဘယ်သူ ဖြစ်ရမှာလဲ ငါ့အဖေပေါ့!]

ရှန်ချင်းရှု:[ မင်းအဖေလား?]

ပိုင်ရွှယ်ကော ချက်ချင်းပဲဖုန်းခေါ်လာတယ်။

ရှန်ချင်းရှု ဖုန်းကို အလျှင်အမြန်ကိုင်လိုက်တော့ တစ်ဖက်မှ ပိုင်ရွှယ်ကောရဲ့အော်သံကြီးက ဟိန်းထွက်လာခဲ့လေရဲ့။

"သူ ငါ့ကိုလိမ်တယ်!"

"သူက ဘယ်လိုလိမ်ခဲ့လို့လဲ"

"သူပြောတော့ ဒီညရောက်အောင်ပြန်လာခဲ့ပါ့မယ်တဲ့ ..ရလဒ်ကရော.. သူက ငါ့ဆီကိုဖုန်းလေးပဲဆက်လာပြီးတော့ ကိစ္စတစ်ခုပေါ်လာလို့ မလာနိုင်ပါဘူးဆိုပြီးလာပြောလာတယ်လေ..  လူတိုင်း နှစ်သစ်ကူးအတွက်အိမ်ကိုပြန်လာတဲ့အချိန်မှာ သူကဘယ်လိုကိစ္စများပေါ်လာလို့ ပြန်မလာနိုင်ရတာလဲဆိုတာ ငါသိချင်တယ်! သူက August 15 တုန်းကလည်း ပြန်လာမယ်ပြောပြီးမလာဘူး! ဒီနေ့လည်း အဲဒီအတိုင်းပဲ! ငါက သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်မဟုတ်ဘူးလား!ငါက မိဘမဲ့လား!"

ရှန်ချင်းရှု သူ့ရဲ့မကျေနပ်ချက်တွေကိုနားထောင်ပြီးနောက် အမြန်လေးအကြံပေးလိုက်တယ်။

"မင်းအဖေက အဲဒီသဘောမဟုတ်လောက်ပါဘူးကွာ.. သူလည်း မမျှော်လင့်ပဲပြသနာတစ်ခုပေါ်လာပြီး မသွားမဖြစ်လို့သွားလိုက်ရတာနေမှာပါ .. မင်းဆီကိုမကြာခင်ပြန်လာလောက်ပါတယ်"

ပိုင်ရွှယ်ကောကတော့ မယုံသေးဘူး။ သူက နှာမှုတ်လိုက်ကာ ထပ်မံပြီးမကျေမနပ်ပြောပြန်တယ်။

ရှန်ချင်းရှု သူ့ရဲ့မကျေနပ်ချက်တွေကိုနားထောင်ရင်းနဲ့ စိတ်က တဖြည်းဖြည်းတက်ကြွလာတယ်။

"ဒီတော့ မင်းလည်းပဲ နှစ်သစ်ကူးကို တစ်ယောက်တည်းဖြတ်သန်းရမှာလား"

"လည်းပဲ ဆိုတဲ့အဓိပ္ပာယ်က ဘာကိုပြောချင်တာလဲ"
ပိုင်ရွှယ်ကောက အဓိကစကားလုံးကို တန်းပြီးဖမ်းဆုပ်မိတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now