Unicode
"တွေ့လား"
ဟန်ယွီ ဟန်ချောင့်ကိုစိုက်ကြည့်လိုက်တယ်။" ဒါကို သရုပ်ဆောင်တစ်ယောက်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုလို့ခေါ်တယ်.. လူတွေ ဘယ်နှစ်ယောက်ပဲရှိနေပါစေ အနုပညာရှင်တစ်ယောက်က ပညာရှင်ပီပီသသနဲ့သရုပ်ဆောင်ပြနိုင်ရမယ် .. သူတို့က ဇာတ်လမ်းထဲမှာ မပါဝင်တဲ့ ပျော်ရွှင်မှုတွေ ၊ဝမ်းနည်းမှုတွေကို ဖယ်ထုတ်ထားနိုင်ရမယ်.. ဒါမျိုးကိုမှ သရုပ်ဆောင်ကောင်းတစ်ယောက်လို့ခေါ်တာ"
ရှန်ချင်းရှုက ချုပ်နှောင်ခံထားရတဲ့လက်ကို ဆွဲရုန်းလိုက်ပြီး ဟန်အစ်ကိုကြီးကို လက်ခုပ်သြဘာပေးလိုက်တယ်။
"မှန်တာပေါ့! ကောကော .. ခင်ဗျားက အရမ်းတော်တာပဲ! ခင်ဗျားက အိုစကာအတွက်ထိုက်တန်လွန်းတယ်! ကော ရှပ်ရှင်တွေမှာ မပါဝင်တာက ပရိတ်သတ်တွေအတွက်တင် ဆုံးရှူံးနစ်နာမှာမဟုတ်ဘူး မရေမတွက်နိုင်တဲ့ ဒါရိုက်တာတွေနဲ့ ဇာတ်ညွှန်းရေးဆရာတွေအတွက်ပါ ဆုံးရှုံးနစ်နာမှုတွေအများကြီးဖြစ်စေတာပဲ!"
ဟန်ချောင်:....
ဟန်ချောင် တစ်ဖက်လူကို မကျေမနပ်ကြည့်လိုက်တယ်။
" မင်း အရင်တုန်းကတော့ အဲဒီစကားကို ကိုယ့်အတွက်ပြောခဲ့တာမဟုတ်ဘူးလား? အဲဒီ အိုစကာဆုကလည်း ကိုယ့်ကိုပေးခဲ့တာမဟုတ်ဘူးလား? အခုကျတော့ ဘာလို့သူ့ကိုပေးနေရတာတုန်း!"
" အပြိုင်ရုပ်ရှင်ဧကရာဇ်နှစ်ပါးလေ"
ရှန်ချင်းရှုကတော့ သူ့ကိုနှစ်သိမ့်ပေးရှာတယ်။"ခင်ဗျားတို့နှစ်ယောက်လုံးက အနိုင်ရသွားတာလေ! ဒီတော့ ဆုလက်ခံတဲ့ဂုဏ်ပြုမိန့်ခွန်းကိုအတူတူပြောရမှာပဲ!"
ဟန်ချောင်:!!!
သူ လုံးဝကိုပျော်မနေဘူးနော် သိရဲ့လား?!
သို့ပေမယ့် ဟန်ယွီကတော့ ညီငယ်လေးရဲ့မကျေမနပ်အမူအယာကိုကြည့်ပြီး ဝင်ပြောလာတယ်။
" ကိုယ့်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေက ဟန်ချောင်ထက်သာသလို၊ တခြားကိစ္စတွေမှာလည်း သူ့ထက်သာတယ်လေ.. ဒီတော့ သူ့ကို ကိုယ့်ရဲ့တန်းတူ ဘေးနေရာမှာရပ်ခိုင်းဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စပဲ.. မင်းပိုပြီးကြိုးစာသင့်တယ်နော် ရှောင်ချောင်"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer