(103.1)ဒီတော့ ရှန်ကော ..ကော တရားဝင်ကြေညာချက်ထုတ်ဖို့ တွေးထားလား?

2.5K 394 32
                                    

Unicode🍀

ဒီတော့ ရှန်ကော ..ကော တရားဝင်ကြေညာချက်ထုတ်ဖို့ တွေးထားလား?

ဟန်ချောင် အဝေးမှ ရှန်ချင်းရှုကို ခဏလောက်ကြည့်နေခဲ့တယ်။ ထိုသူက ဒါရိုက်တာပြောနေတာကို နားထောင်နေတာကိုတွေ့တော့ အနည်းငယ်ပျင်းရိလာခဲ့တယ်။

ဒါကြောင့် အိတ်ကပ်ထဲမှဖုန်းကိုထုတ်ယူကာ လက်ထဲမှာကိုင်ထားရင်း ဘယ်လိုမိအောင် လိုက်ဖမ်းရမလဲလို့ တွေးနေခဲ့တယ်။

ဟန်ချောင်အချိန်အတော်ကြာအောင်တွေးနေခဲ့ပေမဲ့လည်း ဘယ်လိုကောင်းမွန်တဲ့စိတ်ကူးတွေမှ ထွက်မလာခဲ့ဘူး။ ဒီတော့ သူအရေးပေါ်ဆေးအိတ်ကိုရှာဖို့တွေးလိုက်တယ်။

သူ Wechatကိုဖွင့်ကာ လိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာ ရည်းစားကောင်မလေးကို အမိဖမ်းနိုင်သွားတဲ့ ကျိုးကျင်းမင်အပေါ် အာရုံစိုက်လိုက်တယ်။

ဟန်ချောင်:[မင်းရဲ့ကောင်မလေးကို ဘယ်လိုလိုက်ခဲ့တာလဲ]

သူပို့ပြီးမကြာခင်မှာပဲ ကျိုးကျင်းမင် စာပြန်လာတယ်:
[မင်း ဘာလို့ဒါကိုမေးရတာလဲ]

ဟန်ချောင် :[စပ်စုတာ]

ကျိုးကျင်းမင်:[ဘာလို့လဲ မင်း ဘယ်သူ့နောက်ကိုလိုက်မလို့လဲ]

ဒါကိုပို့ပြီးနောက် သူသိချင်လာရတယ်။
" မဟုတ်သေးပါဘူး မင်းဘာလို့ တစ်ယောက်ယောက်ကို ရုတ်တရက်ကြီးလိုက်ချင်နေရတာလဲ ? မင်း ရှောင်ရှန်တိတိနဲ့လမ်းခွဲလိုက်တာလား?"

ဒါက ဘာစကားလဲ? သူကဖြင့် အခုထိတောင် လိုက်မဖမ်းနိုင်သေးတဲ့ဟာကို။ သူက အခုမှ ရှန်ချင်းရှုနဲ့ချစ်တော့မလို့ပဲ ရှိသေးတာကို။ သူတို့က ဘာလို့လမ်းခွဲရမှာလဲ?!

ဘယ်လောက်တောင်အဓိပ္ပာယ်မရှိတဲ့စကားတွေလဲ!

ကံဆိုးအောင်လို့!

ဟန်ချောင်:[ ငါ မင်းရဲ့စကားလုံးတွေကိုမကြိုက်ဘူး .. ငါ့အတွက်ပြန်ရုပ်သိမ်းလိုက်]

ကျိုးကျင်းမင် သူပြောခဲ့တာကို ချက်ချင်းပြန်ဖျက်ပေးလိုက်တယ်။

"အမ်.. မင်းနဲ့ ရှောင်ရှန်တိတိတို့ လမ်းမခွဲဘူးဆိုရင် မင်းဘယ်သူ့ကိုလိုက်နေတာလဲ]

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now