Unicode
106. "မင်းတစ်ယောက်တည်းအတွက်ပဲ"& ပိုင်ဆိုင်လိုစိတ်
ဟန်ချောင်:!!!!
ဟန်ချောင် ချက်ချင်းပဲ ရှန်ချင်းရှုရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်။
" ကောင်းကင်ဘုံရဲ့အရှင်သခင်ကြီး ရောက်လာရင်တောင် ကိုယ်တို့ရဲ့လက်ကို ခွဲခွာဖို့မလုပ်နိုင်ဘူး"
ရှန်ချင်းရှု ရယ်မောလိုက်ကာ သူ့ရဲ့အသံကနူးညံ့နေတယ်။
"ခင်ဗျား အဲလိုပြောစရာမလိုပါဘူး"
သူ ဟန်ချောင်ရဲ့လက်ကိုတွယ်ချိတ်ထားပြီး ပျော်ရွှင်စွာပြောလိုက်တယ်။
"သွားရအောင်"
ဟန်ချောင် သူ့ရဲ့ထိုသို့သောအမူအယာကိုကြည့်ကာ ထိုလူငယ်လေးက အခုမှစတင်ချစ်ဖူးတဲ့ မူလတန်းကျောင်းသားလေးနဲ့ တကယ်ကိုတူညီကြောင်း တွေးမိတယ်။ လက်လေးတွဲဆက်ထားရုံလောက်နဲ့ ပျော်ရွှင်နေခဲ့တယ်။
သူ အကူအညီမဲ့စွာနဲ့ ရှန်ချင်းရှုရဲ့လက်ကိုတွဲကာ အရှေ့ကိုဆွဲခေါ်သွားလိုက်တယ်။
ဒါပေမဲ့ သူတို့ တံခါးနားကိုရောက်တာနဲ့ ရှန်ချင်းရှုက သူ့ရဲ့လက်ကိုပြန်လည်ဆွဲယူသွားပြန်တယ်။
ဟန်ချောင်:...
" ကျွန်တော်တို့ ရုပ်ရှင်ရုံကိုရောက်တဲ့အထိစောင့်ဦး"
ရှန်ချင်းရှု ရှင်းပြလာတယ်။"မဟုတ်ရင် တခြားလူတွေမြင်သွားရင် မကောင်းဘူးလေ"
ဒါဆိုမင်းက ဒီခြေနှစ်လှမ်းစာလောက်လေးကို လက်တွဲချင်တာပေါ့?
ဟန်ချောင် ကူကယ်ရာမဲ့စွာကြည့်မိတယ်။ သူက ရှန်ချင်းရှုရဲ့ခေါင်းကိုပဲ အကူအညီမဲ့စွာပွတ်သပ်လိုက်ပြီး :
"ကောင်းပြီ မင်းပြောသလိုပဲလုပ်ကြတာပေါ့"
သူ့ရဲ့ဇနီးလောင်းလေးကို သူအလိုလိုက်ရမယ်လေ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
FantasyAuthor(s) Lin Ang Si 林盎司 213 Chapters + 59 Extra (complete) This story isn't mine. Just a fan translation. Start _ 28.6.2022 English nameက copy rightမိမှာစိုးလို့ဖျက်ထားတယ်နော် သိချင်ရင် message မှာလာမေးလို့ရပါတယ်