(83.1)ဟီးရိုးဟန်ချောင် အလှလေးကိုကယ်တင်ခြင်း & ချင်းချင်း ချန်ပီယံဖြစ်သွားပြီ

3.4K 620 17
                                    

Unicode

ဟီးရိုးဟန်ချောင် အလှလေးကိုကယ်တင်ခြင်း & ချင်းချင်း ချန်ပီယံဖြစ်သွားပြီ

သူအနားကိုတိုးကပ်သွားလေလေ ထိုလူတွေရဲ့ ဆွဲလမ်းရုမ်းလားလုပ်နေမှုကို ပိုပြီးရှင်းလင်းစွာမြင်နေရလေလေပဲ။

ဟန်ချောင် ကားကိုရပ်တန့်ပြီး တိတ်တဆိတ်နဲ့ ကားပေါ်မှဆင်းလိုက်တယ်။

သူအနီးကို အလျှင်အမြန်တိုးကပ်သွားလိုက်တော့ ဘာတွေဖြစ်နေတာလဲဆိုတာကိုပါကြားလိုက်ရတယ်။

အလယ်မှာအဆွဲခံနေရတဲ့လူက အရက်မူးနေခဲ့တာဖြစ်ပြီး သူ့ရဲ့ပေါင်းအသင်းဖြစ်သူက သူ့ကိုအိမ်သို့လိုက်ပို့ချင်နေတာဖြစ်ကာ ထိုအမူးသမားကတော့ ထိုအရာကိုသဘောမတူခဲ့ဘူး။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က အမူးသမားကို တရားမဝင်တဲ့ကိစ္စတစ်ခုခုလုပ်ဖို့ကြံရွယ်နေတာဖြစ်နိုင်တယ်။

မကြာခင်မှာပဲ ဟန်ချောင်ထပ်မံကြားလိုက်ရပြန်တယ်__ ထိုအမူးသမားက တခြားလူတွေကို သိမနေခဲ့ဘူး။

သူ အရှေ့ကိုအလျှင်အမြန်တိုးကပ်သွားပြီး အလယ်မှာရှိနေတဲ့အမူးသမားရဲ့ပုခုံးကို နောက်ကနေဖိကိုင်လိုက်တယ်။
"ဆောရီး ကျွန်တော့်ရဲ့သူငယ်ချင်းက မူးနေလို့ ကျွန်တော်ပြန်ခေါ်သွားလိုက်ပါ့မယ်"

ပုခုံးကို ဖိကိုင်ခံရတဲ့သူကတော့ နောက်ဘက်ကိုငိုင်တိုင်တိုင်နဲ့လှည့်ကြည့်လာပြီး ဟန်ချောင့်ကိုမြင်လိုက်ရတော့ ငိုချတော့မလိုပဲ။

"အားကျွင်း.."
သူ တီးတိုးရေရွက်ရင်း ရုန်းကန်ပြီး ဟန်ချောင်ဆီကိုတိုးဝင်လာတယ်။

ဟန်ချောင် အံ့သြကြောင်,အသွားရပြီး အနောက်ကိုပြန်ဆုတ်လိုက်မိတယ်။ တစ်ဖက်လူက သူ့လက်မောင်းထဲကို တကယ်ကြီးခုန်ဝင်လာမှာကိုတော့ သူလိုချင်မနေဘူးလေ။ သူ နေရာတစ်ချို့ချန်ထားလိုက်ပြီး ညီအစ်ကိုကောင်းတစ်ယောက်လိုမျိုးပြောလိုက်တယ်။

"မသောက်နိုင်ရင်လည်း အများကြီးသောက်မနေနဲ့လေ"

သို့ပေမယ့် ထိုအမူးသမားကတော့ ဟန်ချောင်ရဲ့စကားကိုကြားလေဟန်မရှိဘဲ "အားကျွင်း"ဆိုတဲ့နာမည်ကိုပဲဆက်ခေါ်ကာ သူ့ရဲ့လက်မောင်းကိုဖက်တွယ်လာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now