(65.1) မြန်မြန်ပြန်လာခဲ့နော်.. ကျွန်တော် ခင်ဗျားကိုအိမ်မှာစောင့်နေမယ်

5.4K 760 23
                                    

Unicode

မြန်မြန်ပြန်ခဲ့နော် .. ကျွန်တော်ခင်ဗျားကို အိမ်မှာစောင့်နေမယ်

"ဒါပေမယ့် ရှောင်ယွီ သူက..."
ရှန်မားမား သဘောမတူချင်ဘူး။

"ရှောင်ယွီလည်း ကျွန်မတို့ရဲ့သားပဲလေ.. ရှောင်ယွီ့မှာ အပြစ်မှမရှိဘဲ"

"ဒီတော့ မင်းက ရှောင်ရှု ဘယ်တော့မှပြန်မလာတော့ဘဲ ငါတို့ဆီကနေ အဝေးကိုထွက်သွားတာကို လိုချင်နေတာလား"

ရှန်ပါးပါးရဲ့ ခေါင်းထဲမှာရှိနေတဲ့ ချိန်ခွင်ပေါ်မှာတော့ ရှန်ချင်းရှုရဲ့ဘက်ကို အလေးသာနေပြီ။

"ရှောင်ရှုက အခုဆိုရင် ဟန်ချောင်ရဲ့ချစ်သူဖြစ်နေပြီ .. သူက ရှောင်ယွီထက် အဆပေါင်းများစွာပိုပြီးသန်မာတယ်..ငါတို့တွေ အထက်တန်းလွှာထဲကိုဝင်နိုင်ဖို့ သေလောက်အောင်ကြိုးစားခဲ့ရတာ ..အခုချိန်မှာ ကြီးမားတဲ့အခွင့်အရေးကြီးက ငါတို့ရှေ့မှာရောက်နေပြီ .. မင်းမလိုချင်ရင်တောင် ငါကတော့လိုချင်တယ်ကွ! ရှောင်ယွီနဲ့ ရှောင်ရှုတို့ထဲက တစ်ယောက်ကိုပဲ ရွေးရမယ်ဆိုရင် ငါကတော့ ရှောင်ရှုကိုရွေးရမှာပဲ"

ရှန်မားမား ထိုစကားကိုကြားတော့ တုန်လှုပ်သွားပေမယ့် ရှန်ချင်းယွီအတွက် စိတ်ပူနေဆဲဖြစ်တာကြောင့် အကြံပြုလိုက်ပြန်တယ်။

"ရှောင်ရှုကို ဆက်သွယ်ဖို့နည်းလမ်းကို အရင်ရှာရအောင်.. သူပြန်ရောက်လာမှ ရှောင်ယွီအကြောင်းကို ပြောကြတာပေါ့.. မဟုတ်လို့ ရှောင်ရှုသာပြန်မလာဘဲ ရှောင်ယွီကိုလည်း နှင်ထုတ်ပြီးသားဖြစ်နေခဲ့ရင် ကျွန်မတို့ နှစ်ယောက်လုံးကိုဆုံးရှုံးသွားမှာမဟုတ်ဘူးလား"

"ဒါလည်း ဟုတ်တာပဲ"
ရှန်ပါးပါး သက်ပြင်းချတယ်။

" အဲဒီကလေး အခုဘယ်နေရာမှာရှိနေလောက်မယ်လို့ထင်လဲ .. သူ ဟန်ချောင်နဲ့အတူရှိနေမှာကိုသိပေမယ့် ဟန်ချောင် ဘယ်နေရာမှာလဲဆိုတာကို ငါတို့မသိဘူးလေ"

“ဟန်ကုမ္ပဏီ ဘယ်မှာရှိလဲဆိုတာ ကျွန်မတို့သိတယ်လေ"

ရှန်မားမားရဲ့မျက်လုံးတွေက တောက်ပနေခဲ့တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now