(67.2) ကျွန်တော့်ကိုအရင်နမ်းလေ.. ပြီးရင် ကျွန်တော်ခင်ဗျားကိုပြန်နမ်းမယ်

3.9K 632 23
                                    

Unicode

ကျွန်တော့်ကိုအရင်နမ်းလေ ..ပြီးရင်ကျွန်တော်ခင်ဗျားကိုပြန်နမ်းမယ်

ရှန်ချင်းရှုတစ်ယောက် ရှန်မိသားစုကြားကို မွှေနှောက်ပြီးချိန်မှာတော့ စိတ်လက်ချမ်းသာစွာနဲ့ တစ်ယောက်တည်း ဇာတ်လမ်းထိုင်ကြည့်နေလိုက်တယ်။ သူ movieနှစ်ကားကြည့်ပြီးသွားချိန်မှာတော့ နှစ်သစ်ကူးညစာအတွက် Deliveryကလည်း ရောက်ရှိလာခဲ့ပြီ။

ရှန်ချင်းရှု တစ်ဖက်လူကိုကြည့်ပြီး တစ်ခါသုံးစားပွဲခင်းကို စားပွဲပေါ်မှာ ကူညီပြီးခင်းလိုက်တယ်။ ပြီးနောက် အသားဟင်းသုံးမျိုး၊ အသီးအရွက်ဟင်းသုံးမျိုး၊ အအေးဟင်းလျာ သုံးမျိုး၊ စွတ်ပြုတ်တစ်ပွဲနဲ့ အချိုပွဲနှစ်ပွဲကို တည်ခင်းလိုက်တယ်။ ဒါကြီးက အရမ်းကို ချမ်းသာလွန်းတာပဲ။

"နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ"
အစားအသောက်ပို့ပေးလာတဲ့ ရှောင်ကောကောက အပြုံးနဲ့ဆုတောင်းပေးလာတယ်။

"မင်းလည်း ပျော်ရွှင်စရာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ပါစေ"
ရှန်ချင်းရှု ပြန်ပြောလိုက်တယ်။

ထိုရှောင်ကောကော အပူခံအိတ်တွေနဲ့အတူ ပြန်ထွက်သွားတာကိုကြည့်ပြီးမှ ရှန်ချင်းရှု ဟင်လျာတွေကိုပုံရိုက်ကာ ဟန်ချောင်ဆီကိုပို့ပေးလိုက်တယ်။

ရှန်ချင်းရှု:[ ဟင်းလျာတွေရောက်ပြီ၊ ခင်ဗျား အများကြီးမှာပေးထားတာပဲ .. ချမ်းသာလွန်းတယ်!]

ဟန်ချောင်ရဲ့မိသားစုက ည၀ာစားဖို့အတွက်ပြင်ဆင်နေခဲ့တာ။ သူတို့က နှစ်သစ်မှာ ဧည့်သည်တွေကို ဖိတ်ခေါ်လေ့မရှိဘူး။ သူတို့မိသားစုလေးယောက်သာ အိမ်မှာရှိနေခဲ့တယ်။

ဟန်ချောင်က သူ့ရဲ့မိခင်ဖြစ်သူကို ကူညီပြီး ပန်းကန်တွေကို စားပွဲပေါ်သို့တင်ပေးနေချိန်မှာ ရှန်ချင်းရှု wechatမှပို့ပေးလာတဲ့စာကို တွေ့လိုက်ရတယ်။

မဆိုးပါဘူး။ ဟန်ချောင် တွေးကြည့်လိုက်တော့ အစားအသောက်တွေက သူသတ်မှတ်ပေးထားတဲ့အချိန်မှာရောက်သွားတာပဲ။

ဟန်ချောင်:[ နှစ်သစ်ကူးအကြိုညစာက သိမ်နုတ်စုတ်ပြတ်နေလို့မဖြစ်ဘူးလေ.. ကောင်းကောင်းစား.. အဲဒီဆိုင်က အစားအသောက်တွေက တော်တော်လေးကောင်းတယ်]

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now