Zawgyi
ဟန်ချောင် : ကိုယ်ဘာကိုရှာတွေ့ခဲ့တယ်ဆိုတာ လာကြည့် ~
ဟန်ချောင်အိမ်ကိုပြန်ရောက်တော့ ရှန်ချင်းရှုတစ်ယောက် ကွန်ပြူတာကိုလက်မောင်းထဲထည့်ပြီး ကြိုးစားပန်းစားနဲ့ စာရိုက်နေတာကိုတွေ့လိုက်ရတယ်။
"မင်း ဘာတွေလုပ်နေတာလဲ"
ဟန်ချောင်ရဲ့အမေးစကားကိုကြားတော့ ရှန်ချင်းရှု ကွန်ပြူတာကိုအောက်သို့ပြန်ချရင်း ရိုးသားတဲ့မျက်နှာလေးနဲ့ပြန်ဖြေလာတယ်။
"ဘာမှမလုပ်ပါဘူး အင်တာနက်ပေါ်လျှောက်ကြည့်နေတာ"
ဟန်ချောင်:.....
မူလတုန်းက သူကသာမန်ကာလျှံကာလေးမေးလိုက်တာဆိုပေမယ့် အခုချိန်မှာတော့ တစ်ဖက်လူက တစ်စုံတစ်ရာကိုအမှန်တကယ်ဖုံးကွယ်ဖို့ကြိုးစားနေတဲ့ပုံပဲ။
ဒါပေမယ့်ဟန်ချောင်ကတော့ ထိုအကြောင်းကိုနက်နက်ရှိုင်းရှိုင်းတူးထုတ်ဖို့ ပျင်းရိနေလေတယ်။ သူ ရှန်ချင်းရှုအနားကိုချည်းကပ်သွားလိုက်ပြီး အိတ်တစ်လုံးနဲ့ သော့တစ်ချောင်းကိုလှမ်းပေးလိုက်တယ်။
"ကိုယ်မင်းအတွက် စားပွဲခုံအသေးလေးနဲ့ တခြားမင်းလိုချင်တာတွေ ဝယ်လာတယ် ဒါက အိမ်သော့ .. နောက်ဆို မင်းအိမ်ထဲမှာပဲ တစ်ချိန်လုံးနေနေစရာမလိုတော့ဘူး"
ရှန်ချင်းရှု ထိုပစ္စည်းတွေကိုသွက်လက်စွာလက်ခံလိုက်ပြီး အပြုံးနဲ့ပြန်ပြောလိုက်တယ်။
"ကျေးဇူး"
"အဆင်သင့်ပါပဲကွာ"
ဟန်ချောင်က ရှန်ချင်းရှုရဲ့ကျေးဇူးတင်စကားကိုလက်ခံလိုက်ပြီး အပြင်ဘက်သို့ပြန်ထွက်သွားခဲ့တယ်။ခဏအကြာမှာတော့ ထိုအမျိုးသားက ပေါ့ပါးတဲ့အိမ်နေရင်းဝတ်စုံကိုလဲလှယ်လိုက်ပြီး မီးဖိုခန်းထဲသို့ဝင်သွားလေတယ်။
ရှန်ချင်းရှု သူ့နောက်ကနေလိုက်ဝင်သွားတော့ ဟန်ချောင်က အင်္ကျီလက်တွေကိုခေါက်တင်ရင်း အသီးအရွက်တွေကိုဆေးကြောပြင်ဆင်နေတာကိုမြင်လိုက်ရတယ်။
ဟန်ချောင်က သူ့ရဲ့မျက်ဝန်းထောင့်ကနေ ရှန်ချင်းရှုကိုမြင်လိုက်ရတာကြောင့် သူ့အနားကိုလာပြီး ကူညီပေးဖို့လက်ယပ်ခေါ်လိုက်တယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer