Unicode
အင်အားကြီးမားတဲ့ စကားရည်လုဘုရင် , စင်ပေါ်တက်ဖို့အသင့်ဖြစ်နေပြီ
မျှော်လင့်ထားတဲ့အတိုင်း ဖေဖော်ဝါရီ၁၂ရက်နေ့မှာ ရှန်ချင်းရှု ပရိုဂရမ်ရိုက်ကူးဖို့ထွက်ခွာခဲ့ရတယ်။
ဟန်ချောင်က သူနဲ့အတူလိုက်ဖို့အစီအစဥ်ချထားပေမဲ့ ဟန်ပါးပါးက စာချုပ်အကြောင်းဆွေးနွေးဖို့အတွက် သူနဲ့အတူလိုက်ဖို့ခေါ်လာတာကြောင့် မတတ်နိုင်ဘဲ သဘောတူလိုက်ရရှာတယ်။
"ကောကောကို ခေါ်သွားလို့မရဘူးလား"
ဟန်ပါးပါးက အဝတ်အစားတွေထုပ်ပိုးရင်းပြန်ဖြေလာတယ်။
"မင်းအစ်ကိုက မင်းလောက်အဆင်မပြေဘူး.. နောက်ပြီး တွေ့ရမယ့်သူကလည်း မင်းကိုပိုပြီးသဘောကျနေတာ.. သူက မင်းနာမည်ကိုတောင်ထည့်ပြောနေတာလေ.. မင်းမလာဘဲ မင်းအစ်ကိုကို ခေါ်သွားရမှာလား"
ဟန်ချောင်:"....ကောင်းပါပြီ"
"နှစ်ရက်တည်းပါ.. ငါတို့မကြာခင်ပြန်လာမှာပဲကို .. ငါမင်းရဲ့အစီအစဥ်တွေကိုမဖျက်စီးပါဘူး"
အခုပဲ ဖျက်စီးလိုက်ပြီလေ။ဟန်ချောင် တွေးတောနေမိတယ်။
ရှန်ချင်းရှုလည်းပဲ အဲဒီနှစ်ရက်မှာပဲ ရိုက်ကူးရမှာပဲကို။သို့ပေမယ့် သူရှန်ချင်းရှုနဲ့လိုက်သွားရင်တောင် ထိုသူရဲ့အနားမှာအချိန်ကြာကြာမနေနိုင်လောက်ဘူး။ ဘယ်လိုပဲဆိုဆို ရှန်ချင်းရှုက ပရိုဂရမ်ရိုက်ကူးရေးသွားတာဖြစ်ပြီး သူက ဘာအလုပ်မှမရှိဘဲလိုက်သွားမှာလေ။ ဒီတော့ သူလိုက်သွားရင်တောင် လုပ်နိုင်တာတွေ သိပ်မရှိပါဘူး။
" ဒါဆိုလည်း ကျွန်တော့်သူငယ်ချင်းတွေကို ပြော ပြီး သွားထုပ်ပိုးလိုက်မယ်"
"ကောင်းပြီ"
ဟန်ပါးပါး ခေါင်းညိတ်လိုက်တယ်။"သွားလေ"
ဟန်ချောင်မတ်တပ်ထရပ်ကာ အပြင်ကိုထွက်သွားလိုက်တယ်။ ဟန်ပါးပါးကတော့ သူထွက်သွားတာကိုကြည့်ရင်း နှလုံးသားထဲမှာပျော်ရွှင်မှုတွေပြည့်နေလေရဲ့။
နဂါးကြီးက နဂါးကိုပဲမွေးဖွားပေးသလို ဖီးနစ်ကလည်း ဖီးနစ်ကိုပဲမွေးဖွားပေးတယ်လို့ ပြောရမှာပဲ။ လူချမ်းသာမိသားစုတွေမှာ သိုးမည်းတွေအမြောက်အမြားရှိပေမဲ့ သူ့ရဲ့သားကြီးနဲ့သားငယ်လိုမျိုး ကိုယ်ပိုင်ခွန်အားတွေကိုသာ သုံးပြီး နှစ်ဖက်ညီမျှလိုက်ဖက်စွာတည်ရှိတဲ့ ညီအစ်ကိုတွေကတော့ရှားပါးလွန်းတယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer