109. ဒါက ကိုယ်မင်းကို ကြိုက်လို့ပဲလေ

2.1K 281 3
                                    

109. ဒါက ကိုယ်မင်းကို ကြိုက်လို့ပဲလေ

ရှန်ချင်းရှု:...

ရှန်ချင်းရှုရဲ့နှုတ်ခမ်းတွေက မထိန်းချုပ်နိုင်စွာ ကွေးတက်သွားရပြန်တယ်။ သူက" အိုး" ခနဲ အသံခပ်တိုးတိုးပြုလိုက်ပေမဲ့ သူ့မျက်ဝန်းတွေကတော့ ပျော်ရွှင်မှုတွေကို မဖုံးကွယ်ထားနိုင်လေဘူး။

သူ ဟန်ချောင်ကြည့်နေတဲ့ပုံက ဒီအခန်းထဲမှာ သူတို့နှစ်ယောက်သာ ရှိနေသလိုမျိုးပဲ ။

ဝူယန်း:!!!

ဝူယန်း လက်ဖက်ရည်ပါးစပ်အပြည့်သောက်ချလိုက်တယ်!

သို့ပေမယ့် အသုံးမဝင်ပါဘူး။ ရှို့နေတဲ့မီးက အဝေးမှာရှိနေတာမှမဟုတ်ပဲ။

သူ ဘယ်လိုမကောင်းဆိုးရွားဖြစ်နေခဲ့တာလဲ!

အခုချိန်ထိ မချစ်ဖူးသေးဘူးလေ!

ခွေးစာတွေကြောင့်ပဲ နာကျင်နေရတယ်!

ကြိုးကြိုးစားစား နောက်ကြောင်းပြန်ဆုတ်တဲ့ဗျူဟာ! အသန်မာဆုံးနောက်ကြောင်းပြန်ဆုတ်တဲ့ဗျူဟာပဲ! သူ့ကိုလည်းပေးကြပါဦး!

ဒီကမ္ဘာပေါ်မှာ သူ့ထက်ပိုပြီးသနားစရာကောင်းတဲ့သူရှိသေးလား?

လုံးဝကိုမရှိနိုင်ဘူး!

ဒါပေမဲ့!

ဝူယန်း ရှန်ချင်းရှုရဲ့ ချစ်စရာကောင်းမှုနဲ့ ဟန်ချောင်အတွက် အချစ်တွေကိုကြည့်လိုက်တယ်။ ဘာလို့ ချီဖန်က သူ့ကိုမကြိုက်ရတာလဲ?

ချီဖန်က သူ့ကိုသဘောကျတဲ့ပုံတော့ ရပါတယ်။ ဒါပေမဲ့ သူ့ကိုမများကြီးတော့မကြိုက်သလိုပဲ

ချီဖန်က သူနဲ့ကြိုးစားကြည့်မယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့က အရင်ကထက်ပိုပြီး ဘာတစ်ခုမှ ပြောင်းလဲမလာခဲ့သလို ရှိနေဆဲ။

ပြောရရင် သူက သူ့(ဝူယန်း)ကို သိပ်မကြိုက်လောက်ဘူး။

ဝူယန်း ဒါကိုတွေးမိတော့ အနည်းငယ်ဝမ်းနည်းသွားရတယ်။

သူတို့အကုန်လုံးက ယောကျာ်းသားတွေပဲလေ။ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာလို့ဒီလောက်ခြားနားနေရတာလဲ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now