(112.2)ဒါက နှိမ့်ချပြီး ကြင်နာလွန်းတဲ့အချစ်ပဲ

1K 194 10
                                    

(112.2)ဒါက နှိမ့်ချပြီး ကြင်နာလွန်းတဲ့အချစ်ပဲ

(T/n__ hey guys! Let's start the drama!)

ရှန်ချင်းရှု သူ့ရဲ့စိတ်ဓာတ်ကျနေတဲ့ မျက်နှာကိုကြည့်ကာ မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ မပျော်မရွှင်ဖြစ်နေတာလား"

"မဟုတ်ဘူး"
ပိုင်ရွှယ်ကော ထူးမခြားနားဖြေလာတယ်။

" အာရုံစိုက်ဖို့မလိုတဲ့ လူသေကောင်က ရုတ်တရက်လှုပ်ရှားလာရုံပါ"

"ဘယ်သူက သေတာကိုအတုလုပ်တာလဲ"

သူပြောရင်းနဲ့ တစ်စုံတစ်ခုကိုတွေးမိပြီး မေးလိုက်တယ်။

"မင်းရဲ့ကောကောကိုပြောတာလား"

"ငါ့ရဲ့ကောကော? ငါ့မှာ ဘယ်လိုလုပ်အစ်ကိုရှိရမှာလဲ? ငါက တစ်ဦးတည်းသော ကလေးပဲ"

"ဒါဆို မင်းရဲ့သွေးမတော်တဲ့အစ်ကို"

"အဲဒါ လွန်ခဲ့တဲ့နှစ်ပေါင်း (800)လောက်က ကိစ္စတွေ.. ငါတိို့ရဲ့ မိဘတွေက ပြန်ပြီးကွာရှင်းပြီးမှတော့ ဒါက လူစိမ်းသက်သက်ပဲလေ"

ရှန်ချင်းရှု :... ကြည့်ရတာ ထိုလူစိမ်းရဲ့အမှားပဲထင်တယ်။

ရှန်ချင်းရှု ခွေးလေးရဲ့ခေါင်းကိုထိကိုင်ရင်း:

"မင်းဘာစားချင်လဲ ငါကျွေးမယ်လေ"

ပိုင်ရွှယ်ကော ခဏလောက်တွေးလိုက်ပြီးနောက် မျက်ဝန်းတွေက ဖြတ်ခနဲတောက်ပသွားတယ်။

"သွားရအောင် ငါမင်းကိုလိုက်ကျွေးမယ်"

"မင်းက ဘယ်နေရာမှာလိုက်ကျွေးမလို့လဲ? အခုက ၉နာရီတောင်ကျော်နေပြီလေ မနက်စာအတွက် ဖိတ်တာရောဟုတ်လို့လား"

ရှန်ချင်းရှု ခေါင်းရဲ့သားမွှေးလေးတွေကို ပွတ်ကာ ဆက်ပြောလိုက်တယ်။

"နေ့လည်မှသွားရအောင်.. ပြီးရင် မင်းငါ့ကိုနေ့လည်စာကျွေးပေါ့"

ပိုင်ရွှယ်ကော ခေါင်းညိတ်လိုက်ပြီး ခွေးလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ကစားနေတော့တယ်။

"မင်းခွေးရဲ့နာမည်ကဘာလဲ"

ရှန်ချင်းရှုမေးလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now