Unicode
ဆန်ကုန်မြေလေးကောင်ကို အနိုင်ကျင့်ဖို့အတွက် အင်အားပူးပေါင်းမယ်၊ အလွန်အမင်းနိုင်လိုမင်းထက်လုပ်တတ်တဲ့ ဥက္ကဋ္ဌကြီးက ငါ့ကိုချစ်ကျွမ်းဝင်နေတာတဲ့!
ညစာစားပြီးနောက်မှာတော့ ရှန်ချင်းရှုတစ်ယောက် ဟန်ချောင်တို့ညီအကိုနှစ်ယောက်ကို ချန်ထားခဲ့ပြီး သန့်စင်ခန်းဆီကိုသွားလိုက်တယ်။
သန့်စင်ခန်းက အနည်းငယ်ဝေးကွာပြီး ရှုတ်ထွေးတဲ့ အခန်းဖွဲ့စည်းပုံတွေကြောင့် ရှာတွေ့ဖို့ အနည်းငယ်ခက်ခဲတယ်။ ရှန်ချင်းရှုအနေနဲ့ စားပွဲထိုးငယ်လေးတစ်ယောက်ကို မေးမြန်းပြီးမှသာ အောင်အောင်မြင်မြင်ရောက်ရှိနိုင်ခဲ့တယ်။
ရလဒ်ကတော့ သူလက်ဆေးဖို့ထွက်လာတဲ့အချိန်မှာပဲ ရင်းနီးနေတဲ့တစ်စုံတစ်ယောက်ဝင်လာတာကိုမြင်တွေ့လိုက်ရတော့တာပဲ။
ရှန်ချင်းရှု ခဏလောက်ရပ်တန့်သွားပြီးမှ ဘာကိုမှမမြင်လိုက်သယောင် ဟန်ဆောင်ရင်း ဘေစင်အနီးကိုသွားကာ ရေဘားကိုဖွင့်လိုက်တယ်။
ယန်ကျားယွီကတော့ သူ့ကိုကြည့်ကာ မနှစ်မြို့လှတဲ့အကြောင်းကိုဖော်ပြဖို့အတွက် မျက်ခုံးတွေကိုတွန့်ချိုးထားလေရဲ့။
"မင်းက ဘာလို့ဒီကိုရောက်နေရတာလဲ"
ရှန်ချင်းရှုကတော့ သူ့ကိုလျစ်လျူရှုပြီး လက်တွေကိုသာ ဂရုတစိုက်ဆေးကြောနေခဲ့တယ်။
ယန်ကျားယွီ: " ဟန်ချောင်က မင်းကို ဒီနေရာကိုခေါ်လာတာလား"
ရှန်ချင်းရှုကတော့ ပါးစပ်ကိုဖွင့်ဟဖို့ အစီအစဥ်မရှိသေးဘူး။
ယန်ကျားယွီက ဒေါသတကြီးအမူအယာနဲ့ ရှန်ချင်းရှုအနားကို ချည်းကပ်လိုက်တယ်။ သို့ပေမယ့် သူတစ်စုံတစ်ခုပြောဖို့ရာ ပါးစပ်ကိုမဖွင့်ဟလိုက်နိုင်သေးခင်မှာပဲ သူ့ရဲ့နောက်ကျောဘက်မှ ရင်းနီးကျွမ်းဝင်တဲ့အသံကိုကြားလိုက်ရတယ်။
"ချင်းချင်း မင်းအဆင်ပြေရဲ့လား"
ယန်ကျားယွီတစ်ယောက် မယုံကြည်နိုင်ခြင်းကြီးစွာနဲ့ နောက်ဘက်ကိုပြန်လှည့်ကြည့်လိုက်မိတယ်။ သေချာပေါက် သူနားကြားလွဲတာမဟုတ်ခဲ့ဘူး။ သူ့ရဲ့နောက်မှာ ရပ်နေတဲ့လူက ဟန်ယွီပဲ။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer