(55.1)သူက တကယ့်ကို ကပ်တွယ်လွန်းတဲ့ကောင်လေးပဲ

4.6K 822 28
                                    

Unicode

သူက တကယ့်ကို ကပ်တွယ်လွန်းတဲ့ကောင်လေးပဲ

ဟန်ချောင် သူ့အနီးကိုချည်းကပ်လာတဲ့မျက်နှာလေးကိုကြည့်ပြီး စိတ်မထိန်းနိုင်တော့ဘဲ ထိုလူငယ်လေးရဲ့ခေါင်းနောက်ဘက်ကိုထိန်းကိုင်ကာ နှုတ်ခမ်းတွေကိုမက်မက်မောမောနမ်းရှိုက်လိုက်တယ်။

ရှန်ချင်းရှုက သူ့ကိုပြန်နမ်းရင်းနဲ့ ပြုံးလိုက်မိတယ်။ အဲဒီနောက်မှာတော့ အမျိုးသားနှစ်ယောက်က နူးညံ့ပြီးရှည်ကြာတဲ့အနမ်းကိုပုံဖော်လိုက်တော့တယ်။

ရှန်ချင်းရှုက အနမ်းတွေပွေ့ဖက်တာတွေကို အမြဲတမ်းသဘောကျခဲ့တာ။ ဒါကြောင့် ဟန်ချောင့်ကိုဖက်ထားရင်းနဲ့ နမ်းရှိုက်လို့အပြီးမှာ နူးနူးညံ့ညံ့လေးလျက်လိုက်ပြီးနောက် ထပ်ခါထပ်ခါ ပွတ်သပ်လိုက်မိတယ်။

ဟန်ချောင်က ပါးစပ်ကိုဖွင့်ပြီး ရှန်ချင်းရှုရဲ့နှုတ်ခမ်းတွေကို ကိုက်ခဲလိုက်တယ်။

ရှန်ချင်းရှုကလည်း စိတ်ဆိုးခြင်းမရှိဘဲ သူတို့ရဲ့နှုတ်ခမ်းတွေကိုပြန်လည်ထိတွေ့ကာ ထပ်မံပြီးနမ်းရှိုက်လိုက်ပြန်တယ်။

ဟန်ချောင်တစ်ယောက် ဒီတစ်ကြိမ်မှာတော့ တစ်ဖက်လူငယ်လေးက ကလူမြူဆွယ်တတ်တဲ့ကြောင်ငယ်လေးနဲ့တူတယ်လို့တွေးလိုက်မိတယ်။ ထိုလူငယ်လေးကို မင်းရဲ့လက်မောင်းထဲမှာပွေ့ဖက်ထားရုံ ၊ နမ်းရှိုက်ရုံ၊ ပွတ်သပ်ပေးရုံလောက်လေးနဲ့ သူက အလွယ်တကူစိတ်ကျေနပ်နေလိမ့်မယ်။

" တွယ်ကပ်လွန်းတယ်"
ဟန်ချောင် သူ့ကိုပွေ့ဖက်ပြီး ခပ်တိုးတိုးရယ်လိုက်မိတယ်။

"ခင်ဗျားလည်း သဘောကျတာပဲမဟုတ်ဘူးလား"
ရှန်ချင်းရှုကတော့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးစွာနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့စကားကိုဆိုတယ်။

အမှန်ပဲ။ ဟန်ချောင် လူငယ်လေးရဲ့ဂုဏ်ယူနေတဲ့မျက်နှာသေးသေးလေးကိုစိုက်ကြည့်ကာ သူအမှန်တကယ်ကိုသဘောကျကြောင်း စိတ်ထဲကနေဝန်ခံလိုက်မိတယ်။

"တွေ့လား"
ရှန်ချင်းရှုရဲ့မျက်နှာပေါ်မှာတော့ 'ကျွန်တော်သိသားပဲ'ဆိုတဲ့စကားလုံး ချမရေးထားရုံတမယ်ပေါ်လွင်နေလေရဲ့။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now