(34)အသက်8နှစ်ထက်ကြီးတဲ့လူနဲ့ 88နှစ်အောက်ငယ်တဲ့သူတွေကိုမကြည့်ရဘူးလို့တားမြစ်တယ်!

8.2K 1.3K 77
                                    

Zawgyi

ကိုယ်မင်းကို အသက်8နှစ်ထက်ကြီးတဲ့လူနဲ့  88နှစ်အောက်ငယ်တဲ့သူတွေကို မကြည့်ရဘူးလို့ တားမြစ်တယ်!"

စာချုပ်ကိစ္စက အဆင်ပြေသွားပြီဖြစ်တဲ့အတွက် ရှန်ချင်းရှုလည်း စိတ်အေးလက်အေးဖြစ်သွားခဲ့ပြီး အိမ်ကိုပြန်ကာ သူ့ရဲ့စာပေဖန်တီးမှုကို ဆက်လုပ်လုပ်ဆောင်တော့တယ်။

"အဲဒီည"ဆိုတဲ့စာအုပ်က တစ်ဝက်လောက်အထိရေးပြီးသွားပြီ။ ချောင်ဟန်နဲ့ဆုချင်းတို့ရဲ့ကြားထဲမှ ခံစားချက်တွေကလည်း တဖြည်းဖြည်းပူနွေးလာခဲ့ပြီ။ ဒါ့အပြင် သူငယ်ချင်းတွေရဲ့သတိပေးမှုအောက်မှာချောင်ဟန်တစ်ယောက် ဆုပိုင်က သူနဲ့ရုပ်ချင်းဆင်သလိုခံစားလာရပြီး ဆုချင်းရဲ့ကလေးနှစ်ယောက်ကို ပိုပိုပြီး ချစ်ခင်သဘောကျလာခဲ့တယ်။ သို့ပေမယ့် အမျိုးသားတစ်ယောက်က ကလေးမွေးဖွားနိုင်လိမ့်မယ်ဆိုတဲ့အကြောင်းကတော့ ချောင်ဟန်တွေးတောနိုင်တာထက် ပိုလွန်နေတဲ့အတွက် သူက သူနဲ့ဆင်တူနေခြင်းကို ကံတရားကြောင့်လို့သာသတ်မှတ်ထားခဲ့ပြီး သူ့ရဲ့သားသမီးအရင်းတွေဖြစ်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မတွေးမိခဲ့လေဘူး။

ဟန်ချောင်တစ်ယောက်ကတော့ မနေနိုင်ဘဲ ထပ်မံပြီးဒုံးပျံဂိတ်ဆယ်ခုကိုပို့ပေးကာ မေးလိုက်မိပြန်တယ်:

[ချောင်ဟန်က ဘယ်အချိန်မှသိမှာလဲ gkdgkdgkd ငါအရမ်းဆန္ဒစောနေပြီနော်]

(Gkg = do it faster)

ရှန်ချင်းရှုက သူ့ထက်တောင်ဆန္ဒစောနေသေးတယ်။ သူက စာချုပ်မှာလက်မှတ်ထိုးပြီးခဲ့ပြီလေ။ ဘယ်အချိန်မှ ထပြီးအလုပ်စ(ရုပ်ရှင်စရိုက်)ရမှာလဲဆိုတာမသိနိုင်ဘူး။

နိုဗယ်ကလည်း ခုချိန်ထိအဆုံးမသတ်နိုင်သေးဘူး။ မကြာခင် သူ့မှာအလုပ်နှစ်ခုတပြိုင်တည်းလုပ်ရတော့မှာ။ သူ့မှာအချိန်ပိုရောရှိနိုင်ပါ့မလား။

ဒီတော့ ရှန်ချင်းရှုသူ့ရဲ့လုပ်ဆောင်ချက်တွေကိုအရှိန်မြှင့်လိုက်ပြီး တစ်နေကုန် ကွန်ပြူတာရှေ့မှာထိုင်ကာ ဖခင်ဖြစ်သူနဲ့ ကလေးတွေကို တစ်ယောက်နဲ့တစ်ယောက်အသိအမှတ်ပြုနိုင်ဖို့အတွက် ကြိုးစားလိုက်တော့တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now