Zawgyi
ကျွန်တော် ခင်ဗျားကိုအများကြီးလွမ်းနေတာ(ချိုမြတဲ့သကြားခဲလေး)
ဆုလော်နဲ့ ဆန်းရွှမ်က ယုံကြည်မှုတွေ၊ ခြိမ်းခြောက်မှုတွေအပြည့်နဲ့လာခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ အံတင်းတင်းကြိတ်ကာ စိတ်ပျက်အားလျော့စွာပြန်လာခဲ့ရတယ်။
ရှန်ချင်းရှုကတော့ ထိုသူတွေပြန်သွားပြီးတဲ့အထိစောင့်ပြီးမှ ပိုင်ရွှယ်ကောကို ဇာတ်လမ်းတစ်ခုလုံးကိုရှင်းပြပေးလိုက်တယ်။
ပိုင်ရွှယ်ကောကတော့ ပြောစရာစကားတောင်ပျောက်ရှနေပြီ။
"ဆုလော်က ဆန်းရွှမ်အတွက် တကယ်ကြီးကိုအချစ်စိတ်မွှန်နေပြီပဲ ဟုတ်တယ်မလား""ဘယ်သူက သဘောမတူမှာလဲ"
ပိုင်ရွှယ်ကောက ရှန်ချင်းရှုကို စောင်းငဲ့ကြည့်လိုက်ကာ ထိုသူက တော်တော်ကြီးစိတ်ဝင်စားစရာကောင်းကြောင်း တွေးလိုက်မိတယ်။
" မင်းဆီက ဒီလိုကလိမ်ကကျစ်ကျတဲ့အတွေးအခေါ်မျိုး ထွက်လာလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး အရင်တုန်းက ငါကမင်းကိုအလေးအနက်ထားတတ်တဲ့သူလို့ထင်နေတာ"
"ငါက အမြဲတမ်းအလေးအနက်ထားတတ်တဲ့သူပါပဲ ဒါပေမယ့်ဆုလော်က တော်တော်ကြီးအပင်ပန်းခံနေတော့လည်း သူသွားတဲ့နောက်ကိုလိုက်ပြီး အစီအစဉ်ပြောင်းပေးလိုက်တာ"
"ကောင်းကောင်းလုပ်ခဲ့တာပဲ!"
ပိုင်ရွှယ်ကော သူ့ရဲ့ပုခုံးကိုပုတ်ပေးလာတယ်။"ဒီတော့ မင်းတကယ်ကြီး ငါ့ရဲ့သားမက်မဖြစ်ချင်ဘူးလား"
ရှန်ချင်းရှု: !!!! ဒါကြီးက ဘယ်လိုလုပ်ပြီးပြန်လှည့်လာရပြန်တာတုန်း!
သူ ငြင်းဆိုခါနီးမှာပဲ အနီးအနားမှ ရင်းနီးနေတဲ့အသံတစ်ခုကထွက်ပေါ်လာတယ်။
"သားမက် ဟုတ်လား???"
ရှန်ချင်းရှု ပြန်လှည့်ကြည့်လိုက်တော့ ဟန်ချောင်ကတံခါးကိုမှီကာ သူတို့ကိုကြည့်နေလေရဲ့။
ပိုင်ရွှယ်ကောကလည်း ထိုအမျိုးသားကိုလှည်းကြည့်ပြီးမေးလာတယ်။
"ဒါက""ငါ့ရဲ့ဒရိုက်ဘာလေ"
ရှန်ချင်းရှု ဟန်ချောင်က ဆုလော်ကိုမိတ်ဆက်ပေးတဲ့ပုံစံအတိုင်းပဲ ရှင်းပြလိုက်တယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer