(48.2)ဒေါသထွက်နေတဲ့ ဆန်းရွှမ်အတွက် ပြန်လည်ထိုးနှက်ချက် & weibo fan တွေတိုးလာပြီ

5.6K 993 24
                                    

Zawgyi

ဟန်ချောင်က ယင်မင်ယောင်တို့နဲ့အတူသောက်နေတာဖြစ်ပြီး သူ့ရဲ့ဖုန်းမြည်သံကြောင့် ယူကြည့်လိုက်တော့ ရှန်ချင်းရှုထံမှ video call ဖြစ်နေခဲ့တယ်။ ဒါကြောင့် မတ်တပ်ထရပ်လိုက်ပြီး တိတ်ဆိတ်တဲ့နေရာကိုလျှောက်သွားကာ လက်ခံဖြေလိုက်တယ်။

"ဘာဖြစ်လို့လဲ"

"ကျွန်တော့်မှာ သတင်းကောင်းရှိတယ်"
ရှန်ချင်းရှုရဲ့ ပျော်ရွှင်မြူးတူးနေတဲ့အသံက တခြားတစ်ဖက်မှထွက်ပေါ်လာတယ်။

" ဘယ်လိုသတင်းကောင်းမျိုးက မင်းကိုဒီလောက်ထိပျော်ရွှင်စေရတာလဲ ? ထီများပေါက်လို့လား?"

" အဲလောက်တော့မကောင်းသေးဘူး ဆန်းရွှမ်ရဲ့အပိုင်းတွေဖြတ်တောက်ခံလိုက်ရတယ်လေ ဟားဟားဟားဟား"

"မင်း အဲဒီအကြောင်းကိုပြောပြခဲ့ပြီးသားမဟုတ်ဘူးလား ဒါက သုံးကြိမ်သုံးခါလောက်ပျော်ပျော်ရွှင်ရွှင်ပြောရလောက်အောင် ပျော်စရာကောင်းနေလို့လား"

"ဘယ်ဟုတ်မလဲ အဲဒါက နိဒါန်းလေးပဲရှိသေးတာ အခုကမှ တကယ့်သတင်းကြီးလာမှာ .. ကျွန်တော်က သူ့ရဲ့အဖြတ်ခံလိုက်ရတဲ့အခန်းတွေကို ရလိုက်တယ်လေ ဟားဟားဟားဟား သူနဲ့ဆုလော်တို့ကတော့ တော်တော်ကြီးဒေါသထွက်နေလောက်ပြီ!"

ဟန်ချောင်က ဒီလိုအလှည့်အပြောင်းမျိုးကို မမျှော်လင့်ထားမိဘူး။

"ကျစ် လူတွေရဲ့နှလုံးသားကိုနင်းခြေနေတာပဲ"

"ဒါက ဘာကြောင့် ပျော်ရွှင်စရာသတင်းကောင်းဖြစ်နေရလဲဆိုတာပဲ~"

" ဟုတ်သားပဲ  ဂုဏ်ပြုပါတယ်ကွာ"

ရှန်ချင်းရှု သူ့ကိုအပြုံးလေးနဲ့ကြည့်လာတယ်။

"ခင်ဗျားဒီနေရာမှမရှိတာ ဝမ်းနည်းစရာကောင်းတာပဲ မဟုတ်ရင် ကျွန်တော်ခင်ဗျားကို တစ်ညလုံးမောင်းနှင်ခိုင်းလိုက်မိမှာ"

ဟန်ချောင်:....

" ကိုယ်အခုချက်ချင်း မင်းရဲ့ရိုက်ကွင်းကိုမောင်းလာခဲ့မယ်ဆိုတာ ယုံလား"

ရှန်ချင်းရှု အော်ရယ်လိုက်မိတယ်။
" မလာဘူးလား ? ကျွန်တော်ခင်ဗျားကို အရင်တုန်းက အငတ်များထားလိုက်မိလို့လား"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now