126.ဟန်ချောင်: ကိုယ် ကိုယ့်ကိုယ်ကိုယ် သဝန်တိုတယ်!

840 128 0
                                    

126.ဟန်ချောင်: ကိုယ် ကိုယ့်ကိုယ်ကိုယ် သဝန်တိုတယ်!

ထိုအခါမှ ရှန်ချင်းရှုလည်း ဟန်ချောင်ရဲ့ဟူခေါ့က သူ့မိဘတွေနဲ့အတူရှိနေဆဲဖြစ်ပြီး ကိုယ့်ဘာသာကိုယ်မခွဲရသေးကြောင်း သဘောပေါက်သွားရတယ်။

ဒါက တကယ်ကြီး စောလွန်းနေသေးတာပဲ။ သို့ပေမဲ့:

"ကျွန်တော့်နာမည်ကို ဒီလိုထည့်တာ သိပ်မကောင်းဘူးထင်တယ်"

"ဘာဖြစ်လို့လဲ"
ဟန်ချောင် မေးလိုက်တယ်။

"ကျွန်တော် ဒါအတွက် မပေးခဲ့ဘူးလေ.. ကျွန်တော် ခင်ဗျားဆီက အမြတ်မထုတ်ချင်ဘူး".

ဟန်ချောင်ပြုံးလိုက်တယ်။
"ဘယ်သူက ပိုက်ဆံလိုချင်နေလို့လဲ? ကိုယ်က ပိုက်ဆံပြတ်နေတဲ့ပုံ ပေါ်လို့လား"

သူ ရှန်ချင်းရှုကိုကြည့်ကာ နူးညံ့ပြီးဖမ်းစားနိုင်စွာပြောလိုက်တယ်။

"ကိုယ်က ပိုက်ဆံမလိုချင်ဘူး လူကိုပဲလိုချင်တာ"

ရှန်ချင်းရှု:....

"မင်းရဲ့နာမည်ကိုပေါင်းထည့်ပြီးရင် ဒါက မင်းရဲ့အိမ်ဖြစ်သွားလိမ့်မယ်.. မင်း ဘယ်ကိုပဲ ထွက်သွားပါစေ အဆုံးမှာ ဒီအိမ်ကိုပဲပြန်လာရမှာပဲ .. နားလည်ရဲ့လား"

ရှန်ချင်းရှု သူ့ရဲ့မျက်ဝန်းတွေကိုကြည့်ပြီး ခေါင့်ပြန်ငုံ့လိုက်မိတယ်။ အခုချိန်မှာ သူတကယ်ကိုရှက်ရွံ့ပြီး ရင်ခုန်သံတွေမြန်ဆန်နေပြီ။

သူ့ရဲ့နှုတ်ခမ်းတွေက အရပ်အနားမရှိ မြင့်တက်နေပြီး နှလုံးသားက နွေးထွေးကာ ချိုမြိန်နေခဲ့တယ်။

သူ သေချာပေါက်နားလည်တာပေါ့။ သူ ဒီကနေ ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး။

ဟန်ချောင်ဘက်က ထွက်ခွာမသွားသရွေ့ပေါ့။

ရှန်ချင်းရှု တွေးလိုက်ပြီး ဟန်ချောင်ကိုမကြည့်ပဲ မနေနိုင်ဘူး။သူတို့ရဲ့ မျက်လုံးတွေဆုံဆည်းသွားတော့ ဟန်ချောင်က သူ့ရဲ့ခေါင်းကို စောင်းငဲ့ကာ ကြည့်လာတယ်။

"ခင်ဗျား ကျွန်တော့်ကို ခိုးကြည့်နေတယ်"
ရှန်ချင်းရှု နူးညံ့စွာပြောလာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now