Zawgyi
မှော်ပညာကိုအလဲထိုးဖို့ မှော်ပညာကိုပဲသုံးရမယ်
ကားက ရှန်ချင်းရှုရဲ့အိမ်ကိုရောက်ချိန်မှာတော့ ဟန်ချောင်တစ်ယောက် သူ့အသက်တစ်ဝက်လောက်ကုန်ဆုံးသွားရသလို ခံစားနေရပြီ။
" တကယ်လို့ တစ်ယောက်ယောက်ကို မင်းအနားကနေထွက်သွားစေချင်ရင်မင်းမောင်းတဲ့ကားကိုစီးခိုင်းလိုက်သင့်တယ်"
ဟန်ချောင် အားအင်ချို့တဲ့စွာနဲ့သက်ပြင်းချပြီးပြောလိုက်တယ်။“ ခင်ဗျား အရမ်းကိုချဲ့ကားလွန်းနေပြီ"
"ချဲ့ကားတာမဟုတ်ပါဘူးကွာ တကယ်ဆို လိုတောင်လိုနေသေးတာ "
ရှန်ချင်းရှု :......
ရှန်ချင်းရှု ထိုင်ခုံခါးပတ်ကိုဆွဲဖြုတ်လိုက်တယ်။
" နောက်တစ်ခေါက်ကျရင် ကျွန်တော့်ရဲ့ကောကောအသစ်လေးကို တွေ့ချင်တယ်နော်"
မင်းက နောက်တစ်ခေါက်အတွက်တောင် မျှော်လင့်နေသေးတာလား?!
နောက်ထပ်ဆိုတာရှိတော့မှာမဟုတ်ဘူး ! ဒီကားနှစ်စီးနဲ့တင် တော်တော်လေးလုံလောက်သွားပြီ ! မင်းရဲ့ကျန်သေးတဲ့အကိုတွေကို ဒုက္ခမပေးပါနဲ့တော့!
သူ ရှန်ချင်းရှုကိုလှည့်ကြည့်လိုက်တော့ တစ်ဖက်လူကကိုယ်ကိုလှည့်ထားပြီး သူ့ကိုကျောခိုင်းထားတာကြောင့် တွေ့မြင်နေရတဲ့ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ဆံပင်တွေကို လက်ကိုဆန့်တန်းပြီးဆွဲဖိလိုက်မိတယ်။
ရှန်ချင်းရှုကတော့ ဟန်ချောင်ဘာတွေစိတ်ကူးပေါက်ပြီး သူ့ခေါင်းကိုလာထိလဲဆိုတာကို နားမလည်စွာနဲ့ မေးခွန်းထုတ်သလိုပြန်လှည့်ကြည့်လိုက်တယ်။
"မင်းဆံပင်တွေထောင်နေလို့"
ဟန်ချောင် ရှင်းပြလိုက်ပြီး ထောင်နေဆဲဖြစ်တဲ့ဆံပင်တွေကိုနောက်တစ်ကြိမ်ထပ်ပြီးဖိပေးလိုက်ပြန်တယ်။
"မရဘူး"
" ဒါက မထောင်စေချင်ရင် ညှပ်ပစ်မှရမှာ"
ဟန်ချောင် သူ့ရဲ့စကားကိုမယုံကြည်ဘဲ ဆံပင်တွေကိုချောမွတ်သွားအောင် လုပ်ပေးနေတုန်းပဲ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasia_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer