(52.2)ခရစ်စမတ်စ် လက်ဆောင်& ဟန်ချောင်ရဲ့လူသိရှင်ကြားသေဆုံးမှုဇာတ်ဝင်ခန်း

3.9K 824 34
                                    

Unicode

ခရစ်စမတ်စ် လက်ဆောင်& ဟန်ချောင်ရဲ့လူသိရှင်ကြားသေဆုံးမှုဇာတ်ဝင်ခန်း

ကျိုးကျားမင် မြေအောက်ကားပါကင်မှ သူ့ရဲ့ကားကိုမောင်းနှင်လိုက်ချိန်မှာ ဟန်ချောင်ကလည်း သူ့ရဲ့အိမ်ဘက်ကိုမောင်းထွက်သွားတာကိုမြင်လိုက်ရတယ်။ ဒါကြောင့် သူက ကားကိုချက်ချင်းပြန်ရပ်လိုက်ပြီး သူ့ရဲ့ညီအကိုကောင်းနှစ်ယောက်ဖြစ်တဲ့ ယင်မင်ယောင်နှင့်ဝူယန်းကို group chatအသစ်ထဲကိုဆွဲထည့်လိုပ်တယ်။

သူက ထိုနှစ်ယောက်ကို အသံဖိုင်နှင့်ဖိတ်ခေါ်လိုက်တာကြောင့် နှစ်ယောက်လုံးကလည်း တန်းပြီးဝင်လာကြလေရဲ့

"မင်းတို့ပြန်ပြီလား"
ကျိုးကျားမင် မေးမြန်းလိုက်တယ်။

"မြန်မြန်ပြန်လာခဲ့ကြ"

"ငါတို့က ဘာလို့ပြန်လာရမှာတုန်း"
ဝူယန်းက နားရှုပ်စွာပြန်မေးလာတယ်။

"သေချာပေါက် ပွဲကြည့်ဖို့အတွက်ပေါ့ကွ"
ကျိုးကျားမင်က ဖြောင့်မတ်မှန်ကန်ဟန်အပြည့်နဲ့ပြောလာတယ်။

"ငါတို့လောင်းကြေးထပ်ရအောင် ဟန်ချောင် ဒီမောလ်ကိုပြန်လာဦးမယ်လို့ထင်လား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဝူယန်းကတော့ လုံးဝကိုမထင်ပါဘူးနော်။

"သူက ပြန်တောင်ပြန်သွားပြီဟာကို"

"မင်ယောင်ကရော"

"ငါကတော့ သူပြန်လာမယ့်ဘက်ကလောင်းတယ်"
ယင်မင်ယောင် ပြန်ဖြေလိုက်တယ်။

"မင်းကရော"

"ငါက သူပြန်လာမယ့်ဘက်က .. လောင်းကြေးထပ်ရအောင် ရှုံးတဲ့သူကနောက်နေ့ညစာကို ဒကာခံရမယ်"

"အိုခေ"
ယင်မင်ယောင် ဆက်မေးလိုက်တယ်။

"မင်းအခုဘယ်မှာလဲ"

"ငါ မောလ်ရဲ့အရှေ့ မီတာ200လောက်မှာရှိတဲ့ ရွှီးယမ်ဟိုတယ်မှာ"

ယင်မင်ယောင်: "စောင့်နေ ငါအဲကိုလာခဲ့မယ်"

ဝူယန်းကတော့ ထိုနှစ်ယောက်က တကယ့်ပြသနာကောင်တွေပဲလို့ တွေးပစ်လိုက်တယ်။ ဒါပေမယ့် သူ့မှာလည်း ယောက်ျားတွေရဲ့ ယှဉ်ပြိုင်တတ်တဲ့နှလုံးသားရှိနေတဲ့အတွက် ကားကိုနောက်ပြန်လှည့်ပြီး ထိုနေရာကိုမောင်းနှင်ဖို့သာ တတ်နိုင်တော့တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now