(115.2)ဟန်ချောင်: ဒီပလော့ကသောက်ရမ်းမိုက်တာပဲ!!
"ဒီတော့ မင်းအခုဘာလုပ်မှာလဲ"
"ငါက ဘာကိုလုပ်နိုင်ရမှာလဲ"
ဟန်ချောင် သူ့ရဲ့ပုခုံးကို ပုတ်လိုက်တယ်။
"မင်းကရော.. အရင်ပြန်နှင့်လိုက်တာကောင်းမယ်.. ငါ သူတို့နဲ့အတူ သွားစားလိုက်ဦးမယ်.. ဒါပေါ့ ငါ မင်းရဲ့ တိတိကိုပြန်ချော့တဲ့နေရာမှာ ကူညီပေးမှာပါ.. ဒါပေမဲ့ မင်းရဲ့တိတိကတော့ အချော့ခံပါ့မလားဆိုတာမသေချာဘူးပေါ့"
ဟန်ချောင် ပြောရင်းနဲ့ ခဏလောက်ရှုပ်ထွေးသွားကာ:
"မင့်နဲ့ ရှောင်ပိုင်ကြားမှာ ဘာတွေဖြစ်သွားခဲ့တာလဲ? သူက မင်းနဲ့ပတ်သက်ပြီး ပြသနာအကြီးကြီးရှိနေတာနော်"
"သူက ငါထွက်သွားကတည်းက သူ့ကိုမဆက်သွယ်လို့ ဒေါသထွက်နေတာ"
"ဒါဆို မင်းက ဘာလို့မဆက်သွယ်ရတာလဲ"
ဝူကျင်း:...
"ပြောလေ"
ဟန်ချောင် တကယ်ကြီးစပ်စုမိတယ်။
“မမေးစမ်းနဲ့"
ဝူကျင်း ကူကယ်ရာမဲ့နေတယ်။
"ငါ့မှာလည်း သူ့ကိုမဆက်သွယ်ရတဲ့အကြောင်းပြချက်ရှိတယ် .. ဒါပေမဲ့ ငါသူ့ကိုမပြောနိုင်ဘူး"
ဟန်ချောင်:???
"နောက်ပြီး မင်းက သူနဲ့စကားပြောချင်နေသေးတယ်ပေါ့"
ဒီတစ်ယောက်ကတော့ အတော်လေးကြီးမြတ်နေတာပဲလို့ ဟန်ချောင်တွေးနေပြီ။
"မင်း မေ့လိုက်တာပိုကောင်းမယ်ထင်တယ်နော်.. အနာဂတ်မှာ ရှောင်ပိုင်နဲ့ သူစိမ်းတွေအဖြစ်နေသွားလိုက်"
"မင်းကိုယ်မင်း လူစကားပြောနေတယ်လို့ထင်လား? ငါ ဒီတစ်ခေါက်ပြန်လာပြီးမှ ဘယ်လိုဖြစ်သွားရတာလဲ.. မင်းက ဘာကိုမှ စိတ်ထဲမထည့်တော့ဘူး.. မင်းဘာသာမင်းပဲ ပျော်နေတာ.. တခြားလူတွေရဲ့ဝေဒနာတွေနဲ့ မင်းရဲ့ပျော်ရွှင်မှုကိုတည်ဆောက်ဖို့ မစောင့်နိုင်တော့ဘူး.. မင်းက ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေမှာ ပိုပြီး မြူးကြွသွားအောင် သီချင်းပါဖွင့်ပြီး ပျော်ရွှင်နေတာလား?

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer