(90.2) ဆက်ဆံရေးကို အဆုံးသတ်လိုက်ရအောင် ..ကျွန်တော် တောင်းပန်ပါတယ်

2.8K 413 17
                                    

Unicode

ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ရအောင် ..ကျွန်တော် တောင်းပန်ပါတယ်

"ကိုယ်ပြန်ရောက်ပြီ"

ဟန်ချောင်ရဲ့ စကားကို ရှန်ချင်းရှု ခေါင်းညိတ်လိုက်တယ်။

ဟန်ချောင် အချိန်ကိုငုံ့ကြည့်လိုက်တယ်။ ကံကောင်းစွာနဲ့ သူထွက်သွားတဲ့အချိန်က သိပ်မကြာလိုက်ဘူးပဲ။

သူ့အနေနဲ့ ရှန်ချင်းရှုကို မုကျစ်ထံသို့မသွားစေချင်ပေမဲ့လည်း မုကျစ်က ရှန်ချင်းရှုရဲ့စီနီယာဖြစ်နေခဲ့တယ်လေ။  ရှန်ချင်းရှုက အခုချိန်မှာ အောင်မြင်လာပြီဆိုရင်တောင် သူက ငယ်ရွယ်တဲ့မျိုးဆက်သစ်အနေနဲ့ပဲ ရှိသေးတာ။ သူသာ မသွားဘူးဆိုရင် သူ့ရဲ့ဂုဏ်သတင်းကိုထိခိုက်စေလိမ့်မယ်။

ဟန်ချောင် ဒါကိုတွေးမိတော့ စိတ်အနှောက်အယှက်ဖြစ်လာရတယ်။

" ကိုယ်သာ ကြိုသိခဲ့မယ်ဆိုရင် ကိုယ်လည်း အနုပညာရှင်ဖြစ်အောင်လုပ်ခဲ့ပါတယ်.. ဒါဆို ကိုယ်မင်းနဲ့အတူပိုပြီးရှိနေနိုင်မှာ"

"မဟုတ်တာ မဟုတ်တာ"
ရှန်ချင်းရှု ပြန်လည်အကြံပေးလိုက်တယ်။

" ဘော့စ်တစ်ယောက်ဖြစ်ရတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ.. ကမ္ဘာပေါ်မှာ အဲဒီထက်ပိုကောင်းတဲ့ အလုပ်မရှိတော့ဘူး"

“မင်း အနုပညာရှင်ဆက်လုပ်ချင်သေးတာလား"

“ကျွန်တော့်မှာ တခြားဝင်ငွေရှိလို့လား"

ရှန်ချင်းရှု သူ့ကိုပြန်ကြည့်လိုက်တယ်။

"တကယ်လို့ ကျွန်တော်သာ အချမ်းသာဆုံးလူရဲ့သားဖြစ်နေမယ်ဆိုရင် ကျွန်တော်လည်း မင်းသားလုပ်မနေဘူး.. အလုပ်သွားချိန်မှာ အလုပ်သွားပြီး အားလပ်ချိန်မှာ ဝါသနာပါရာလေးတွေလုပ်နေမှာပေါ့"

ဟန်ချောင်ရယ်မောရင်းနဲ့ ခံစားချက်တွေပိုကောင်းမွန်လာတယ်။

သူ ရှန်ချင်းရှုကိုကြည့်ပြီး ပါးကိုလိမ်ဆွဲလိုက်ကာ နမ်းဖို့တိုးကပ်သွားလိုက်တယ်။

ရှန်ချင်းရှု ရပ်တန့်သွားပြီးမှ သတိလက်လွတ်နဲ့ နောက်ကိုဆုတ်လိုက်မိတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now