(77)မင်းက အကြံဆိုးလေးနဲ့ ကိုယ့်ဆီကို မင်းကိုယ်မင်း ထိုးပေးချင်နေတယ်ပေါ့လေ

3.3K 676 79
                                    

Unicode

မင်းက အကြံဆိုးလေးနဲ့ ကိုယ့်ဆီကို မင်းကိုယ်မင်း ထိုးပေးချင်နေတယ်ပေါ့လေ

အတိတ်တုန်းက ဒီလူငယ်လေးအိမ်ကနေထွက်ပြေးလာတဲ့အချိန်မှာ သူ့(ရှန်ချင်းရှု)ကိုလာခေါ်ပေးဖို့အတွက် ဖုန်းခေါ်နိုင်တာဆိုလို့ ဟန်ချောင်တစ်ယောက်ပဲရှိခဲ့တယ်။ အခုချိန်မှာတော့ ထိုသူက သူသွားချင်တဲ့ ဘယ်နေရာကိုမဆိုသွားနိုင်ပြီဖြစ်သလို သူလုပ်ချင်တဲ့ဘယ်အရာကိုမဆို လုပ်နိုင်ခဲ့ပြီ။

ဟန်ချောင်အနေနဲ့ ရှန်ချင်းရှုက အမှန်တကယ့်ကိုသန်မာလွန်းတယ်လို့ မတွေးဘဲမနေနိုင်ဘူး။

သူစာရေးချင်လာတဲ့အချိန်မှာ သူ့ရဲ့ကိုယ်ပိုင်နိုဗယ်တွေကို ရေးသားချပြခဲ့ပြီး ကိုယ်ပိုင်ပရိသတ်တွေပိုင်ဆိုင်လာခဲ့ကာ နိုဗယ်တစ်ခုကိုလည်းအဆုံးသတ်နိုင်ခဲ့ပြီ။

သူ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့အချိန်မှာ အနုပညာလောကထဲကိုဝင်သွားပြီးနောက် ရှန်ချင်းရှုဆိုတဲ့နာမည်ကို လူတိုင်းသိရှိသွားစေဖို့ ကိုယ်ပိုင်အရည်အချင်းနဲ့စွမ်းဆောင်နိုင်ခဲ့ပြန်တယ်။

သူ့ဆီမှာ အချိန်ဆွဲတတ်တဲ့အကျင့်မရှိသလို ပျင်းရိနေတာမျိုးလည်းမရှိခဲ့ဘူး။ သူငွေကြယ်ပွင့်တစ်ယောက်ဖြစ်လာခဲ့လို့ဆိုပြီး သူ့ရဲ့အရံအလုပ်ဖြစ်တဲ့ စာရေးခြင်းကိုလည်း မစွန့်လွှတ်ခဲ့ဘူး။ သူက စာရေးခြင်းပညာရပ်နဲ့အောင်မြင်မှုတွေကိုဆွတ်ခူးနိုင်နေပြီဖြစ်လို့ဆိုပြီးတော့လည်း ရိုက်ကူးရေးကို အထင်မသေးခဲ့ပြန်ဘူး။

သူက ခြေလှမ်းတိုင်းကို လေးလေးနက်နက် စိတ်ရှည်လက်ရှည်နဲ့ တာဝန်သိစွာလုပ်ဆောင်ခဲ့တယ်။

သူ့ရဲ့လမ်းစဥ်အတိုင်းပဲ လျှောက်လှမ်းခဲ့ပြီး တွေဝေနေခြင်းအလျင်းမရှိခဲ့ဘူး။ မကျိုးပြတ်နိုင်တဲ့အစိမ်းရောင်ဝါးပင်လေးလိုမျိုး ကြီးပြင်းလာခဲ့ပြီး ဂုဏ်ယူဖွယ်ရာနှင့် သန့်ရှင်းစင်ကြယ်မှုတွေကိုသယ်ဆောင်ထားခဲ့တယ်။

ဟန်ချောင် သူ့ရဲ့လက်မောင်းကိုဖြေလျော့ပြီး လူငယ်လေးရဲ့လက်ကိုဆွဲယူလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now