(46.2)ဖက်ထားပေးပါဦး

6.4K 1K 39
                                    

Zawgyi

ဖက်ထားပေးပါဦး

နောက်နေ့မနက်မှာတော့ ရှန်ချင်းရှုတစ်ယောက် ဟန်ချောင်ကြောင့်စောစောနိုးလာရတယ်။

သူ မျက်လုံးတွေကိုပွတ်သပ်ရင်းနဲ့ ပင်ပန်းနွမ်းနယ်ပြီး မှားယွင်းခံနေသလိုမျိုး ဟန်ချောင်ကိုကြည့်လာခဲ့တယ်။

သူ့ရဲ့ပုံစံလေးက အိပ်ယာက မထချင်တဲ့ကြောင်လေးလိုမျိုးပဲ။ ဟန်ချောင်တစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ ကောက်ယူပွေ့ချီလိုက်ပြီး ရေချိုးကန်ထဲကိုထည့်ပေးကာ သခင်ငယ်လေးကို ရေချိုးပေးရတော့တယ်။

ရေချိုးပြီးချိန်မှာတော့ ရှန်ချင်းရှုရဲ့စိတ်ဝိဥာဉ်တစ်ချို့ပြန်ရောက်လာခဲ့ပြီ။

ဝိတ်တာက မနက်စာအတွက်လာပို့ပေးပြီးဖြစ်တာကြောင့် ကြိုက်နှစ်သက်ရာတချို့ကိုရွေးချယ်စားသောက်ကာ အချိန်ကိုကြည့်ပြီး ဟန်ချောင်နဲ့အတူ ရိုက်ကွင်းဆီသို့ပြန်သွားဖို့ပြင်ဆင်တော့တယ်။

ဟန်ချောင်ကတော့ ဒီမှာတစ်ရက်ပဲနေဖို့အစီအစဉ်ဆွဲခဲ့ပြီး ရှန်ချင်းရှုကိုတွေ့ပြီးနောက် ပြန်ဖို့အတွက်တွေးတောထားခဲ့တာ။ ဒါပေမယ့်အခုတော့ ပြန်ချင်စိတ်မရှိတော့ဘူး။

သူ ရှန်ချင်းရှုကိုမေးလိုက်တယ်။
"မင်းဒီနေ့ ရိုက်ကူးစရာရှိသေးလား"

"ရှိတယ်"
ရှန်ချင်းရှု ပြန်ဖြေလိုက်တယ်။

" ဒီနေ့နဲ့မနက်ဖန်ရိုက်ပြီး သဘက်ခါကျရင်ပိတ်ရက်လေ"

“ဒါဆို ကိုယ်အရင်ပြန်လိုက်ရမလား"
သူရည်ရွယ်ချက်အပြည့်နဲ့ပြောလိုက့တယ်။

ရှန်ချင်းရှုကတော့ တစ်ဖက်လူရဲ့စကားထဲကအရိပ်အမြွတ်ကို နားလည်ခြင်းမရှိပါဘဲ ခေါင်းညိတ်လိုက်လေတယ်။

"အမ် ..ခင်ဗျားမှာအချိန်ရရင် နောက်တစ်ခေါက်လာခဲ့ဦးနော်"

ဟန်ချောင်:....

မင်းကတကယ့်ကို X နှလုံးသားမရှိတဲ့ မကောင်းတဲ့ကောင်လေးမဟုတ်ဘူးလား?

မင်းဘာလို့ ကိုယ့်ကိုဆွဲထားတာမျိုး တစ်ခါမှမရှိရတာလဲ!

မနေ့တုန်းကတော့ မင်းကိုယ့်ကိုလွမ်းတယ်လို့ပြောခဲ့တာလေ!

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now