Uni
====
Hail To The King
အပိုင်း(၁)"အန္တရာယ်ရှိတယ် အရှင့်ကိုကာကွယ်ကြ။"
တစ်စုံတစ်ယောက်က ဥပျောက်နေသော ကြက်မတစ်ကောင်ကဲ့သို့ အော်ဟစ်နေ၏။ဖှေး ဆူညံသံများကို ကြားနေရသည်။ ထို့ကြောင့် သူ၏ အိပ်ချင်နေသော မျက်လုံးများကို အားတင်းပြီး ဖွင့်ကြည့်လိုက်ရာတွင် အရာဝတ္တုတစ်ခု သူ့ဆီသို့ပျံ၍လာသည်ကိုတွေ့လိုက်ရ၏။ထိုအရာသည် မြှားတစ်ချောင်းဖြစ်ကြောင်း သတိထားမိသည်။ထိုမြှားသည် သူ့မျက်နှာထံ အလွန်လျင်မြန်စွာ ပျံသန်းလာလေရာ လေထုကို နှစ်ခြမ်းခွဲနေသကဲ့သို့ပင်။
"သေစမ်းဟ ဘာတွေဖြစ်နေတာလဲ? ဘယ်.......ကောင် ငါ့ကိုပစ်နေတာလဲ"
ဖှေးချက်ချင်း နိုးကြားသွားပြီး ကြောက်ရွံ့လွန်းသဖြင့် ကြက်သီးမွေးညှင်းပါထသွားသည်။သို့သော် သူဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် အဆိုပါမြှားဟာ သူ့စီသို့ရောက်လာရာ...
"ဘန်း.."
မြှားက သူ့ဦးထုတ်ကို ဝင်တိုက်တော့သည်။မြှားသည် ဦးထုတ်ကို မဖောက်နိုင်သော်လဲ ဦးထုတ်ကို အပြင်းထန် လှုပ်ခါစေရာ ဖှေးမူးဝေသွားသည်။ဖှေး နားတွေအူထူကာ ကောင်းကင်ရောမြေကြီးပါ ချာချာလည်သွားသည်။လေးခွနဲ့ထုခံလိုက်ရတဲ့ အရုပ်မတစ်ခုလို ဖှေးရဲ့ခန္ဓာကိုယ်မှာ နောက်သို့လွှင့်ထွက်သွားလေ၏။
"အား... သေစမ်းကွာ"
သူ့ခန္ဓာကိုယ် လေထဲမှာ လွှင့်စင်နေစဥ် နာကျင်စွာ ငြီးတွားလိုက်၏။"ဘုရားရေ အရှင်ဘုရင် ထိသွားပြီ ကူညီကြ.."
"စစ်သား အရှင့်ကို သွားသယ်"
"အန်ဒီ မင်းအဲ့မှာ ရပ်ပြီး ဘာလုပ်နေတာလဲ သူတော်စင်တွေနဲ့ မှော်ဆရာတွေကို သွားခေါ်ခဲ့"
"ဟေး ဒီအောက်က ခွေးမသားတွေက နန်းတော်ကို သိမ်းဖို့ ထပ်ကြံနေကြပြီ။"စစ်သားတစ်ယောက်က နန်းတော်ကိုဝိုင်းထားတဲ့ အနက်ရောင်ဝတ်စုံများနှင့် စစ်တပ်ကို ညွှန်ပြလိုက်သည်။
"သေ..သေ သေစမ်းကွာ သူတို့မှာ ဘာလို့ လှေကားကြီးတွေရှိနေတာလဲ"
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...