179

590 67 1
                                    

Uni
======
Hail The King
အပိုင်း(၁၇၉)

မြေအောက်လိုဏ်ဂူတစ်ခုလုံးသည် နတ်ဘုံနတ်နန်းကဲ့သို့ပင် ဤနေရာသည် အေးစက်ပြီးကြောက်မက်ဖွယ်အကျဥ်းထောင်တစ်ခု ဖြစ်ခဲ့သည်ဆိုသည်ကိုပင် ယုံနိုင်ဖွယ်မရှိပေ။

ဤသည်မှာ ဖှေး အိမ်မက်ပေါင်းများစွာထဲတွင် စိတ်ကူးယဥ်ခဲ့သည့် သုခဘုံဖြစ်၏။

"အရှင်မင်းကြီး ဒီနေရာကို နာမည်တစ်ခုချီးမြှင့်တော်မူပါ...."

"ဟုတ်ပါတယ်အရှင်မင်းကြီး ပြန်လည်တည်ဆောက်နေတာက ပြီးသလောက်ဖြစ်နေပါပြီ နာမည်ပေးဖို့ပဲကျန်ပါတော့တယ်...."

အလုပ်များနေကြသော စစ်သည်များ၊ ပန်းပဲဆရာများနှင့် ဗိသုကာပညာရှင်များသည် ဘုရငျရောကျလာသညျကျိုတှေ့သောအခါတှငျ အနားသို့စုရုံးကာရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ဤမှော်ဆန်သောနေရာအား ချစ်မိနေကြပြီဖြစ်သည်။ မူလစတင်စဥ်က မည်သူမှ မှောင်မိုက်အေးစက်နေသော အကျဥ်းထောင်ကြီးအား ဤကဲ့သို့နေရာမျိုးဖြစ်စေရန် ပြောင်းလဲနိုင်မည်ဟု ထင်မထားခဲ့ကြချေ။ ယခုအချိန်တွင်မူ သူတို့အားလုံး၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးများကိုယ်စီရှိနေကြပြီဖြစ်သည်။

ဖှေး ရယ်မောလိုက်သည်။ "ဟားဟာ ဟုတ်ပြီလေ ဒီနေ့ကစပြီး ဒီနေရာက ငါတျို့ခမြျးဘော့ဒျရဲ့ လျို့ဝှက်စီမံခန့်ခွဲမှုနေရာနဲ့ အရည်အချင်းလေ့ကျင့်ရေးနေရာဖြစ်ရမယ်...ဒီနေရာကို လူအားလုံးရဲ့ ချွေးတွေနဲ့ တည်ဆောက်ထားလို့ ဒီလိုခေါ်ရအောင်...." ဖှေး သူ၏ လက်ဖဝါးများကို ဖြန့်လိုက်သည်။ တောက်ပလာသော အလင်းတစ်ခုနှင့်အတူ ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်ကို ဆင့်ခေါ်လိုက်၏။ လူအားလုံး၏ မျက်လုံးအောက်မှာပင် အဝင်ဝရှိ ကြီးမားသည့် ကျောက်တုံးကြီးကို အထဲသို့ရွေ့လိုက်ကာ အပေါ်သို့ခုန်တက်သွား၏။ ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်သည် အလင်းတန်းနှစ်ခုအသွင်သို့ပငိ ကူးပြောင်းသွားပြီး ကျောက်သားမျက်နှာပြင်ပေါ်တွင် ကခုန်တော့သည်။ မီးပွားစများနှင့် ကျောက်အပိုင်းစများနှင့် အတူ သူပြောလိုက်၏။ "သူရဲကောင်းမြို့တော် လို့ခေါ်ရအောင်...."

Hail the king(1-200)Where stories live. Discover now