7

1.1K 114 2
                                    

Uni
======
Hail The King
အပိုင်း(၇)

ချမ်းဘော့ဒ် နန်းတော် စစ်မျက်နှာပြင်တွင်ဖြစ်သည်။

လူတိုင်းနားထဲတွင် နာကျင်စွာအော်ဟစ်သံများ၊ စစ်ချီသံများနှင့်သာ ပြည့်နှက်နေသည်။

ကျူးကျော်တိုက်ခိုက်သူများနှင့် ခုခံသူများမှာ အစွမ်းကုန်တိုက်ခိုက်လျက်ရှိကြသည်။ သူသေကိုယ်သေ အခြေအနေပင် ဖြစ်၏။

အမဲရောင်ချပ်ဝတ်များနှင့် ရန်သူများနန်းတော်သို့ ချီတက်လာသည်ကို အဝေးမှကြည့်လျှင် အမဲရောင် ဆူနာမီ လှိုင်းလုံးကြီးကဲ့သို့ပင်။နန်းတော် တံတိုင်းပေါ်သို့တွယ်တက်ရန် ယူဆောင်လာသော လှေကားကြီးသုံးခုမှာ စစ်ပွဲမကောင်းဆိုးဝါးကြီးများကဲ့သို့ပင်။လှေကားတွင် တပ်ရှိထားသော ငါးမျှားချိတ်ဟန် ချိတ်များဖြင့် မရွှေ့အောင် နန်းတော်နံရံသို့တွယ်ကပ်လိုက်လေသည်။ထိုလှေကားပေါ်မှတက်ခါ အပေါ်ရှိခုခံသူများကိုတိုက်ခိုက်ရန် လူများကို အဆက်မပြတ်လွှတ်လျှက်ရှိသည်။ လူ၃၀ခန့်မှာ လှေကားအား ကာကွယ်ရန် ပြင်းပြင်းထန်ထန်တိုက်ခိုက်လျှက်ရှိသည်။

အချိန်ကြာသထက် ကြာလာသော် ရန်သူများ ပို၍ပို၍ နံရံပေါ်သို့ရောက်ရှိလာပြီဖြစ်သည်။

ချမ်းဘော့ဒ် နန်းတော်အတွက် အခြေအနေသိပ်မကောင်း။ရန်သူ၏ စစ်သည်ရဲမက်အင်အားမှာ ချမ်းဘော့ဒ် စစ်သည်များထက် ၁၀ဆခန့်ပင်ပိုများနေ၏။

"ပီးရာ့စ် ပီးရာ့စ်.... မင်းဘယ်မှာလဲ။ အာ.. ဒီခွေးမသားကတစ်မျိုး" ဆံပင်အနက်ရောင်နှင့် အရပ်ခြောက်ပေခန့်ရှိ လူကြီးတစ်ဦးသည် ရန်သူတစ်ယောက်ကို ခုတ်သတ်လိုက်ရင်း အော်ဟစ်လိုက်သည်။ "ပီးရာ့စ် လူကောင်ကြီးတဲ့ကောင်တွေခေါ်သွားပြီး ဒီစောက်လှေကားတွေကို ရှင်းပစ်လိုက်စမ်းကွာ။ အမြန်လုပ်။"

"ဟုတ်ကဲ့ ဆရာ"

မဝေးလန်သောနေရာတွင် ဆံပင်အဖြူနှင့် ပီးရာ့စ်သည် သွေးများပေကျံနေသည်။ထိုသွေးများသည် သူ၏သွေးများလော သတ်ဖြတ်ခဲ့သော ရန်သူများ၏သွေးများလောဆိုသည်ကို သိနိုင်ဖွယ်မရှိ။အမိန့်ကိုကြားကြားခြင်း ပီးရာ့စ်သည် အနီးအနားတွင်ရှိသော စစ်သားအနည်းငယ်အား လက်ဝှေ့ရမ်းပြကာ "လာကြ ငါ့ကောင်တို့ ငါတို့ဒီမအေလိုးတွေကို သတ်ပြီး အဲ့လှေကားတွေကို ဖျက်ဆီးပစ်ရမယ်။"

Hail the king(1-200)Where stories live. Discover now