Uni
=======
Hail The King
အပိုင်း(၂၀)အသံလာရာ ဘက်သို့ကြည့်လိုက်ရာ ဖှေး၏ညာဘက်ရှိ ဒေါင့်တစ်နေရာတွင် တစ်စုံတစ်ယောက်အား ဖက်တွယ်ကာ ငိုကြွေးနေသော ဆံပင်အနီရောင်နှင့် ကလေးမလေးတစ်ယောက်အားတွေ့လိုက်ရသည်။
ဖှေးအနီးကပ်သေချာကြည့်လိုက်သောအခါမှ ကလေးမလေး ဖက်တွယ်ငိုကြွေးနေသည်မှာ ဒဏ်ရာပြင်းထန်စွာရရှိထားသော ပီးရာ့စ်ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
ဘုရင့်အစောင့်တပ်ဖွဲ့၏ ဒုတိယခေါင်းဆောင် ဘရွတ်လဲ သူတို့ နှင့် အတူရှိနေပြီး ကလေးမလေးအား နှစ်သိမ့်ပေးရန်ကြိုးစားနေသည်ကို တွေ့ရသည်။
"အရှင်မင်းကြီး...."
ဖှေးကိုတွေ့သော အခါဘရွတ်တစ်ယောက်ဝမ်းသာသွားပြီး "အရှင် ကုသနိုင်မည့်ဆေးတွေ့ခဲ့ပြီလား...."
ဖှေးအား မျှော်လင့်တကြီးစောင့်ကြည့်နေသည်။ ဖှေးသည်ခေါင်းခါရမ်းပြီး စိတ်ပျက်စရာသတင်းတစ်ခုပြောလိုက်မည်ကိုလဲ လွန်စွာစိုးရိမ်နေ၏။ပီးရာ့စ်သည်လည်း အခြေအနေသိပ်မကောင်းတော့ချေ အလွန်ဆုံးခံနိုင်လှ ၁၀မိနစ်ခန့်သာ ခံနိုင်တော့မည်ဖြစ်သည်။
လွန်စွာစိတ်မရှည်ဖြစ်နေသော ဘရွတ်ကိုမြင်သော် ဖှေးမှာစနှောက်လိုသဖြင့် ဘရွတ်၏ မေးခွန်းကိုမဖြေသေးပဲ ဆံပင်အနီရောင်နှင့် ကလေးမလေးဘက်ကို ကြည့်ကာ "သူက ဘယ်သူလဲ....."
"လူးဝစ်ပါ ပီးရာ့စ်ရဲ့သမီး လူးဝစ်ပါအရှင်မင်းကြီး...." ဘရွတ်မှာ စိတ်လှုပ်ရှားနေသော်လည်း ဖှေးအား ကလေးမလေးနှင့် မိတ်ဆက်ပေး၏။
ဖှေး ဘာမှမပြောပ၌ ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုသူမက ပီးရာ့စ်စိုးရိမ်နေတဲ့ သူ့သမီးဆိုတာပေါ့......"ဖှေးတွေးမိ၏။
လူးဝစ်မှာ ခွန်အားကြီးပြီး ကြမ်းတမ်းသော သူမ၏အဖေနှင့်မတူပဲ သေးသေးလေးနှင့် ချစ်စရာကောင်းလှသည်။သူမ၏ မျက်ရည်များနှင့် မျက်ဝန်းနှစ်ခုမှာ လူတိုင်း၏ နှလုံးသားများကို အရည်ပျော်စေလောက်သည်ထိပင်။ သူမ၏အနီရောင်ဆံပင်များမှာ ဖှေးအား ဟယ်ရီပေါ်တာ ရုပ်ရှင့်မှ ဟာမိုနီကို သွားသတိရစေသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...