69

751 89 2
                                    

Uni
======
Hail The King
အပိုင်း(၆၉) "မြေအောက် လိုဏ်ဂူဝင်္ကဘာ"

အိုလတ်ဂ် တဖက်သို့လှည့်လာပြီး ဖှေးကြည့်ရာနေရာသို့ လှမ်းကြည့်လိုက်သည်။ သူဖှေးတွေးနေသည့် အရာအား ချက်ချင်းနားလည်သွားပြီး ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။ "အရှင်မင်းကြီး ဒီဝင်္ကဘာလို လိုဏ်ဂူကြီးက မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ တင်အဆုံးမသက်သေးပါဘူး....အဲ့တံခါးရဲ့အနောက်မှာ အဆုံးမရှိတဲ့ဂူလမ်းကြီးရှိပါသေးတယ်....အဲ့လမ်းကြီးက ဘယ်ကိုရောက်တယ်ကိုလဲဘယ်သူမှမသိကြပါဘူး။ ဘာလို့လဲဆိုတော့ ဝင်သွားတဲ့လူတွေအကုန် အထဲမှာပဲပျောက်ဆုံးသွားကြလို့ပါ....အဲ့တံခါးအနောက်က အန္တာရယ်ရှိပါတယ် တချို့ကလဲ ဝင်္ကဘာအကြီးကြီးတစ်ခုရှိတယ်လို့ပြောကြတယ်၊ တစ်ချို့ကလဲ အဲ့တံခါးအနောက်ကဂူထဲမှာ ငရဲပြည်ကလာတဲ့ လူသားစား သတ္တဝါကြီးတစ်ကောင်ကျက်စားနေတယ်လို့လဲပြောကြပါတယ်။ တံခါးမဆောက်ရသေးခင်ကဆို အဲ့ဂူထဲကနေ အူသံလိုလို၊ ဟောင်သံလိုလိုကြီးတွေကို တစ်ခါတစ်လေကြားရပါတယ်...တစ်ခါတစ်လေကျရင် ဂူအတွင်းကနေ စုပ်အားကြီးတစ်ခုဖြစ်ပေါ်လာပြီး လူတွေကို အထဲကို စုပ်ယူသွားတတ်ပါတယ်....ဒါကြောင့် အဲ့လျိုသကွေမှေုတှေ ဆက်မဖြစ်အောင်လို့ အရှင့်ရဲ့ခမည်းတော်က လက်သမားတွေကို သံမဏိတံခါးတစ်ခု ပြုလုပ်ခိုင်းပြီး အဲ့အပေါက်ကို ပိတ်ပစ်ခဲ့တာပါ အရှင်မင်းကြီး။ လူတွေလဲ ဝင်သွားပြီး ကိုယ့်သေတွင်းကိုယ်မတူးနိုင်တော့အောင်ပေါ့.... "

အိုလတ်ဂ်မှာ ရှင်းပြနေရင်းနှင့် ထိုတံခါးကြီးအား ကြောက်ရွံသည့်ပုံပင်ပေါက်နေသည်။

ဖှေး အပြင်ပိုင်းတွင် တည်ငြိမ်သည့်ဟန်ဖြင့် ခေါင်းငြိမ့်ပြနေသော်လည်း ခေါင်းထဲတွင် အလွန်ထိတ်လန့်အံ့သြနေ၏။ အိုလတ်ဂ်၏ ဖော်ပြချက်အရ မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ မြေအောက်လိုဏ်ဂူ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ အစိတ်အပိုင်းသေးသေးလေးတစ်ခုမျှပင် ဖြစ်နိုင်သည်။

ဤသည်မှာ အလွန်ရူးကြောင်ကြောင်နိုင်လွန်းလှသည်။ "ဒီမြေအောက် လိုဏ်ဂူကြီးကို ဘယ်သူတူးဖော်ခဲ့တာလဲ..." ဖှေး ဤလိုဏ်ဂူနှင့် ချမ်းဘော့ဒ်တိုင်းပြည်၏ ဆောက်လုပ်ထားပုံတို့ကို သွား၍ ဆက်စပ်မိသည်။ ဤလိုဏ်ဂူနှင့် ချမ်းဘော့ဒ် နန်းတော်တို့ကို လူတစ်ယောက်ထဲက ဆောက်လုပ်ခဲ့သည် ဖြစ်နိုင်၏။

Hail the king(1-200)Where stories live. Discover now