152

614 71 1
                                    

Uni
=======
Hail The King
အပိုင်း(၁၅၂)

သူ၏ မျက်စိရှေ့တွင် မြင်နေရာသော ချမ်းဘော့ဒ်တိုင်းပြည်၏ ပြုပြင်ရေးအစီစဥ်များကို မြင်လိုက်ရသည့်အခါတွင် ဘတ်စ် သူ၏သမက်လောင်းအား လျှော့တွက်ခဲ့မိကြောင်း ထက်မံဝန်ခံရပေလိမ့်မည်။ အလတ်ဇန္ဒား၏ စွမ်းရည်မြင့်တက်လာမှုနှုန်းမှာ သမိုင်းတစ်လျှောက် အေဇာရုတိုက်တွင် တည်ရှိခဲ့သည့် ဘုရင်များစွာထက်ပင် သာလွန်နေသည်။ ဤစနစ်သစ်၏ ပြီးပြည့်စုံမှုမှာ ဘတ်စ်မျှော်လင့်ထားသည်ထက် များစွာပင်သာလွန်နေသည်။ ဆွေကြီးမျိုးကြီး ပညာရေးစနစ်အောက်တွင် သင်ကြားခဲ့ရသည့် လူတစ်ယောက်အနေဖြင့် ဘတ်စ်သည် ဤကဲ့သို့ကိစ္စများကို သိမြင်ရာတွင် ဘရွတ်၊ ပီတာ စသည့် သာမန်ပုဂ္ဂိုလ်များထက် ပို၍အမြင်ကျယ်ပြန့်သည်။ ထို့ကြောင့် ဤစနစ်ကြောင့် အနာဂတ်တွင်ရရှိမည့် အကျိုးကျေးဇူး အလားလာများကို ကောင်းစွာသိမြင်သည်။

ဤသည်မှာ တစ်ကိုယ်ရည်စွမ်းရည်ထက်ပိုသော ကြောက်မက်ဖွယ်အင်အားစုတစ်ခုအဖြစ် ချမ်းဘော့ဒ်ရပ်တည်နိုင်မည့် အလားလာရှိသည်။ ကမ္ဘာတစ်ခုလုံးကိုပင် ပြောင်းလဲ ပစ်နိုင်၏။

"ဒါက အပြည့်စုံသေးတဲ့ ပုံစံအကြမ်းပေါ့...တစ်ချို့အရာတွေကတော့ ဖြည့်စွက်ပြင်ဆင်ဖို့လိုသေးတယ်...အန်ကယ်ဘတ်စ် အဲ့တာတွေကို အချိန်မှီပြီးစီးအောင် ပြုပြင်ပေးနိုင်မယ်လို့တော့ မျှော်လင့်ရတာပဲ...ချမ်းဘော့ဒ်မှာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ အရည်ချင်းရှိတဲ့လူတွေကို လောလောဆယ်တော့ မရှိသေးဘူး...အဲ့အတွက်ကြောင့် ဝဲဘက်ဝန်ကြီးချုပ်နဲ့ ယာဘက်ဝန်ကြီးချုပ်တာဝန်နှစ်ခုလုံးကိုဦးလေးပဲ လောလောဆယ်တာဝန်ယူထားလိုက်ဦး။ ဝန်ကြီးဌာန ခြောက်ခုနဲ့ပတ်သပ်ပြီးတော့ သင့်လျှော်မယ့်လူတွေကိုတော့ ဦးလေးဘတ်စ်ကပဲခန့်အပ်လိုက်တော့..." ဖှေး ပြောနေရင်းဖြင့် တိုင်းပြည်တစ်ပြည်အား စီမံကွပ်ကဲရခြင်း၏ ခက်ခဲရှုပ်ထွေးပုံကို ထက်မံနားလည်လာသည်။ ပညာရှိတစ်ဦး ပြောခဲ့သည့်အတိုင်း "၂၁ရာစုတွင် အရည်အခြင်းသည် အရေးကြီးဆုံးဖြစ်သည်။" ဆိုသည်မှာ အမှန်တရားပင်။ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအင်အားမှာ ပြသနာမရှိသော်လည်း စီမံခန့်ခွဲမှုအုပ်ချုပ်ရေးအပိုင်းတွင် အရည်ချင်းရှိသည့်လူများ လိုအပ်နေသေးသည်။

Hail the king(1-200)Where stories live. Discover now