Uni
=======
Hail The King
အပိုင်း(၁၅၇)ဖှေး သူ၏ အာရုံငါးပါးမှာ ပို၍အားကောင်းလာသကဲ့သို့ ခံစားလိုက်ရ၏။ သူယခင်က မမြင်နိုင်သည်များကိုမြင်နိုင်လာသည်။ ယခင်က မကြားနိုင်သည်များကို ကြားလိုက်လာသည်။ ယခင်က အနံ့မရသည်များကို အနံ့ရလာတော့သည်။
ဖှေး မျက်နှာဖုံးအား ချွတ်လိုက်သည့်အခါတွင် ထိုခံစားမှုသည် ပျောက်ကွယ်သွားသည်။
အကြိမ်ပေါင်းအနည်းငယ် စမ်းသပ်ပြီးချိန်တွင် ဖှေးသေချာသွားပြီဖြစ်သည်။
အာရုံများတိုးမြှင့်ပေးခြင်းမှာ ဤမျက်နှာဖုံး၏ တစ်ခုတည်းသော အစွမ်းဖြစ်ပုံရသည်။ "စစ်ဆေးခြင်းစာလိပ်နဲ့တောင် စဈဆေးလို့မရဘူးဆျုတာ တော်တော်ထူးဆန်းတာပဲ...ငါသိသလောက်ဆိုရင်လယ်ဗယ်8 [ထူးခြားပစ္စည်း]တွေကိုတောင် စစ်ဆေးစာလိပ်နဲ့စစ်ကြည့်လို့ရတယ်...နေပါဦး ဒါဆိုဒီအမြဲရောင်မျက်နှာဖုံးက လယ်ဗယ်8ထက်တောင် သာလွန်တဲ့ ပစ္စည်းများဖြစ်နေမလား...ဒါပေမယ့် ငါဒိုင်ယာဘလိုဂိမ်းထဲမှာလယ်ဗယ်9 ပစ္စည်းရှိတယ်ဆိုတာကိုတော့ မကြားဖူးပါဘူးး"
ဖှေး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ ဘာတွေဖြစ်နေသည်ကို သူနားမလည်နိုင်တော့ချေ။ သို့သော် ဤမျက်နှာဖုံးသည် လျို့ဝှက်ထူးဆန်းကာ သူမမြင်နိုင်သေးသည့် အစွမ်းများရှိသေးကြောင်း သူရိပ်စားမိသည်။ ထို့ကြောင့် မျက်နှာဖုံးကို ထားသို့ရာအကန့်ထဲတွင် သိမ်းထားလိုက်၏။
အချိန်အား ဖြတ်သန်းခရီးသွားလိုက်သကဲ့သို့ပင် ဖှေး အေဒရီရယ်အား သတ်ဖြတ်ခဲ့သည့် သွေးသံရဲရဲနှင့် မြေအောက်ခန်းအတွင်းသို့ ချက်ချင်း ပြန်ရောက်လာခဲ့သည်။ မကောင်းဆိုးဝါးများအားလုံးလဲ သေဆုံးသွားပြီဖြစ်ပြီး ဖှေး၏ မှော်ဆရာဇာတ်ကောင်သည်လည်း [သူပုန်စခန်း]မြေပုံရှိ အလုပ်များအားလုံးကိုပြီးမြောက်သွားပြီ ဖြစ်သည်။
သူ၏ ဇာတ်ကောင်၇ကောင်လုံးသည် ဒိုင်ယာဘလိုကမ္ဘာ၏ အခန်း၁ဖြစ်သည့် [သူပုန်စခန်း]မြေပုံအား ပြီးမြောက်သွားပြီဖြစ်သည်။
ဖှေး ဇာတ်ကောင်ရွေးချယ်သည့် ဖန်သားပြင်အရှေ့သို့ ပြန်ရောက်လာခဲ့သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...