Uni
======
Hail The King
အပိုင်း(၁၉၃)သူ၏ မျက်လုံးများရှေ့တွင် အချင်း၁၀၀မီတာခန့်ရှိသော လေဆင်နှာမောင်းကြီးတစ်ခုဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရခြင်းပင်။ ကောင်းကင်နှင့် ဆက်သွယ်ထားသော တိုင်လုံးကြီးသကဲ့သို့ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာဖြင့် ယိမ်းပတ်ကာ အရိုးတောင်ထံသို့ ဦးတည်၍ သွားနေ၏။ အဖြူရောင်မြူခိုးများသည်လေဆင်နှာမောင်း၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး လေဆင်နှာမောင်း၏ အချင်းမှာလည်း ကြီးသထက် ကြီးမားလာတော့သည်။ မကြာမှီတွင် အရိုးတောင်ကြီးတစ်ခုလုံးကို ဝါးမြိုကာသွားတော့သည်။
ဤလျို့ဝှက်ထူးဆန်းသော ဟင်းလင်းပြင်၏ မျက်နှာကျက်နှင့် ထိဆက်နေပုံရသည့် လေဆင်နှာမောင်းသည် ခုခံနိုင်ခြင်းမရှိသည့် လေစီးကြောင်းစုပ်အားတစ်ခုကို ထုတ်လွှတ်လျှက်ရှိသည်။ ဘေးသုံးဘက်တွင်ရှိသော တွင်းနက်ကြီးများထံမှ ကြီးမားသည့် ရေခဲတုံးကြီးများကိုလည်း အဆက်မပြတ်ထုတ်လွှတ်လျှက်ရှိသည်။ ဖှေးသည် ဤလျို့ဝှက်ထူးဆန်းသည့် ဟင်းလင်းပြင်၏ အလည်ခေါင်တည့်တည့်သို့ ဆုတ်ခွာသွားအပြီးဖြစ်သော်လည်း အေးစက်သည့် လေထုကိုခံစားနေရဆဲ ဖြစ်သည်။ အပ်ပေါင်းများစွာသူ၏မျက်နှာအား လာရောက်ထိုးဆွနေသကဲ့သို့ အေးစက်သည့်လေထုကိုခံစားနေရသည်။ ဤအေးခဲသည့်ခံစားမှုမှာ ဖှေးတွေ့ကြုံဖူးသည့် အရာအားလုံးထက် ပို၍ပင်သာလွန်နေသည်။ သူ့တွင်ရှိသော မှော်စွမ်းအင်များအားလုံးကို အသုံးပြုကာ မီးအလွှာဖြင့် ခန္ဓာကိုယ်တစ်ဝိုက်အား လွှမ်းခြုံထားခြင်းမရှိပါက အေးခဲ၍ပင် သေဆုံးသွားနိုင်သည်။ တစ်ချိန်တည်းမှာပင် လေပူများစွာသည်လည်း မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများစွာမှတဆင့် ဤလျို့ဝှက်ထူးဆန်းသည့် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာလျှက်ရှိသည်။ တစ်ခါတစ်ရံတွင် ကမ္ဘာ့ဗဟိုမီးတောက်များ ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ်အပူချိန်များကို ထုတ်လွှတ်သွားလျှက်ရှိသည်။ ဖှေးသည် မြေပြင်မှာ ပူလောင်လွန်းလှသဖြင့် အရည်ပျော်ကျတော့မည့်ကဲ့သို့ပင် ခံစားနေရ၏။
ဤဆန့်ကျင်ဘက် အင်အားစုနှစ်ခုမှာ ဟင်းလင်းပြင်ထဲတွင် အသေအကြေတိုက်ပွဲဝင်နေကြ၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...