Uni
======
Hail The King
အပိုင်း(၁၆၆)"အား...ငါတော့ ထက်မလုပ်နိုင်တော့ဘူး...ငါ့လက်ချောင်းတွေ သွေးထွက်တော့မလားတောင်မသိဘူး...မရတော့ဘူးမပစ်နိုင်တော့ဘူး..."
"အေးကွ ငါရောပဲ လစ်ကြစို့...."
ချမ်းဘော့ဒ်မှစစ်သည်များ အနောက်သို့ပြန်ပြေးနေကြရင်း တစ်ယောက်နှင့်တစ်ယောက်ပြောနေကြသည်ကို ပူပေါင်းတပ်ဖွဲ့မှ ဘုရင်များဝေဝေဝါးဝါးကြားလိုက်ရသည်။ထိုလေးသည်တော်များသည် ကြောက်လန့်နေသော ယုန်များကဲ့သို့ အမြန်ထွက်ပြေး၍ပျောက်ကွယ်သွားကြတော့သည်။ ဘယ်ရောက်သွားမှန်းပင် မသိရတော့ချေ။
ချီရှူအီဘုရင်နှင့် ရှနူအီဘုရင်တို့မှာ တစ်ယောက်နှင့်တစ်ယောက်ကြောင်ကြည့်နေကြသည်။
လူတိုင်းလည်း ဖြစ်သွားသည့်အရာကြောင့် ပါယစပ်အဟောင်းသားဖြစ်နေ၏။
တကယ်တန်းဆိုပါက ယနေ့ချမ်းဘော့ဒ်တွင် ဖြစ်ပျက်ခဲ့သမျှအရာတိုင်းသည် ပူးပေါင်းတပ်ဖွဲ့မှလူများကို စိတ်လွတ်လုနီးပါးပင်ဖြစ်စေခဲ့သည်ဖြစ်သည်။
သူတို့အားလုံး ရန်သူ၏ လှည့်ကစားခြင်းကို ခံရသည့်အတွက် ရူးလုနီးပါးပင် ဒေါသဖြစ်နေကြ၏။
"ချီတပ် အမြန်သာ ချီတပ်တော့...." ရှနူအီတိုင်းပြည်၏ ဘုရင်မှာ ပထမဦးဆုံးတုန့်ပြန်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဤသည်မှာ ချမ်းဘော့ဒ်ဘုရင်၏ ထောင်ခြောက်ဖြစ်နေသည် မဖြစ်နေသည်မှာ အရေးမကြီးချေ။ သေမင်းကဲ့သို့ လေးသည်တော် အယောက်၅၀မှာထွက်ခွာသွားပြီဖြစ်သောကြောင့် ပူပေါင်းတပ်ဖွဲ့မှ လူတိုင်းသည် ကောငျးကငျကွီးတောကျပသှားသကဲ့သျို့ ခံစားလိုက်ရသည်။ လေထုလဲ ပို၍လက်ဆက်သွားသကဲ့သို့ ခံစားရ၏။ နောက်ဆုံးတွင် သူတို့အားလုံး အသက်ရှူချောင်သွားပြီဖြစ်သည်။
"ဒီကောင်ဘာကြံနေလဲဆိုတာအရေးမကြီးဘူး...ဒီအခွင့်အရေးကိုအမြန်ယူပြီး ချမ်းဘော့ဒ်ကို အပြုတ်တိုက်ကြ ပြီးရင်အဲ့လေးသည်တော်တွေပြန်လာပြီဆိုရင်တောင် သူတို့ဘာမှတက်နိုင်တော့မှာမဟုတ်တော့ဘူး..."
ဤသည်မှာ ပူးပေါင်းတပ်ဖွဲ့မှဘုရင်များ၏ တူညီသော အယူအဆပင်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...