Uni
======
Hail The King
အပိုင်း(၉၉)အယ်လီနာနှင့် ဖှေးတိုးကြားတွင်ရှိသောစာချုပ်မှာ [အလုပ်ခန့်စာချုပ်]ဖြစ်သည်။ ကျန်အမျိုးသမီးသူပုန်များနှင့် ဖှေး၏စာချုပ်မှာ [ခင်မင်ရင်းနှီးမှုစာချုပ်]ဖြစ်သည်။
သူတော်စဥ် အာကာရာမှာမူ ဖှေးအား သူမ၏ ပညာသင်အနေဖြင့် [ပညာသင်စာချုပ်]ချုပ်ဆိုရန် အတင်းတိုက်တွန်းလိုက်သည်။
ဤအတွက်ကြောင့် ဖှေးသည်အာကာရာထံမှ လျို့ဝှက်ထူးဆန်းသည့် ဆေးဖော်စပ်နည်းများ၊ မှော်စာလိပ်ပြုလုပ်နည်းများ ကျန်ဗဟုသုတများကို နေ့စဥ်အချိန်အနည်းငယ်ပေးကာ သင်ယူရမည်ဖြစ်သည်။ သူ ဘာကြောင့်လဲတော့မသိချေ အာကာရာမှာ ဖှေးအတွက် မျှော်လင့်ချက်ကြီးကြီးတစ်ခုရှိနေပုံရသည်။ သူမ၏ လျိူ့ဝှက်ထူးသည့်အစွမ်းများကို ဤငယ်ရွယ်သော ခရီးသွားမှ အမွေဆက်ခံနိုင်မည်ဟု ယုံကြည်နေ၏။
လူများအားလုံးထွက်ခွာသွားသောအခါ ဖှေးကျောက်တုံးခန်းမအတွင်းသို့ ပြန်ဝင်လာခဲ့သည်။
သူ၏ ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်နေရင်း အနာဂတ်အတွက်အစီစဥ်များကို စဥ်းစားနေ၏။ သူသည် လက်နက်များချပ်ဝတ်များပြုလုပ်ရာတွင် ကျွမ်းကျင်သော ချယ်စီနှင့် ဆေးပုလင်းဖော်စပ်ရာတွင်ကျွမ်းကျင်သော အာကာရာတို့ကို အပြင်ကမ္ဘာတွင် ဆင့်ခေါ်ပြီး အကူညီတောင်းနိုင်ပါက ချမ်းဘော့ဒ်၏အနာဂတ်အတွက် အလွန်ကြီးမားသော အားအင်တစ်ခုဖြစ်နေမည်မှာ မလွဲပေ။ ချမ်းဘော့ဒ်မြို့ရှိ စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းမှ ထူးချွန်ထက်မြတ်သော ကလေးများကိုရွေးချယ်ပြီး အာကာရာနှင့် ချယ်စီတို့ထံမှ ပညာသင်ကြားစေရန်လဲ ဆုံးဖြတ်လိုက်သည်။ ထိုအစွမ်းများတက်မြောက်သင်ကြားထားခြင်းမှာ ချမ်းဘော့ဒ်အတွက် ကောင်းမွန်သောအလားလာပင်ဖြစ်ပေသည်။ပညာရေးဆိုသည်မှာ အသက်ငယ်ရွယ်စဥ်တွင် စတင်လျှင် အကောင်းဆုံးဖြစ်သည်ဟု ပညာရှိတစ်ဦးပြောဖူးသည်။
ထို့အပြင် ဖှေးသည်ယခုအချိန်တွင် သူ၏အတွင်းအားရှိသလောက် ဒိုင်ယာဘလိုကမ္ဘာမှလူတိုင်းကို အပြင်ကမ္ဘာသို့ဆင့်ခေါ်နိုင်ပြီဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...