113

586 77 1
                                    

Uni
======
Hail The King
အပိုင်း(၁၁၃)

အနည်းငယ် မှောင်စပြုလာပြီဖြစ်သောကြောင့် လမ်းပေါ်တွင် လူသိပ်မရှိတော့ပေ။ သို့သော် ချမ်းဘော့ဒ်စစ်သည်များသည် ဤနေရာအားစောင့်ကြပ်ပေးလျှက်ရှိကြသည်။ ကျယ်လောင်သော အသံကြီးများကိုကြားလိုက်ရပြီးနောက်တွင် ကင်းစောင့်နေသော စစ်သည်များသည် ဖှေးအားရပ်တန့်ခိုင်းလိုက်ကြသည်။

"ထွက်သွားကြတော့" ဖှေး အနားသို့ကပ်လာရင်းလှမ်းအော်ကာ အမိန့်ပေးလိုက်သည်။ "ငါမင်းတို့ကို ဒီနေရာကနေပြန်ဖို့အမိန့်ပေးလိုက်မယ်...ဒီနေရာက ကာကွယ်မှု ဆက်ပြီးမလိုအပ်တော့ဘူး...."

"အော် အဲ့တာဘုရင်အလတ်ဇန္ဒားပဲ..."

စစ်သည်များသည် ခွေးနက်ကြီးပေါ်မှ ပုဂ္ဂိုလ်သည် ဘုရင်အလတ်ဇန္ဒားဖြစ်သည်ကို လျှင်မြန်စွာသိရှိသွားကြသည်။ သို့သော် သူတို့အားလုံးရန်သူဘယ်နားမှာ ရှိနေသည်ကို မသိကြပေ။ သို့သော် ဖှေး၏ အမိန့်ကိုကြားပြီးနောက်တွင် တွံဆုတ်နေခြင်းမရှိပဲ ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။

ဖှေး မရပ်ပဲ တည်းခိုဆောင်များရှိရာနေရာသို့ ဝင်သွားသည်။

နိုင်ငံပေါင်း၂၀ခန့်မှ လာရောက်ကြသောသံတမန်များသည် ဤနေရာရှိ တည်းခိုဆောင်များတွင် တည်းခိုနေကြခြင်းဖြစ်သည်။ ဖှေး တစ်ခြားနိုင်ငံမှလာရောက်သော မင်းညီမင်းသားများ သံတမန်များဖြင့် မတွေ့ရသေးသောကြောင့် ဤနေရာနှင့် သိပ်ပြီး ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးပေ။ မဟူရာမုန်တိုင်းအနံ့ခံပြီး ခေါ်ဆောင်ရာနေရာအနောက်သို့သာ လိုက်သွား၏။

ဤသည်မှာ တည်းခိုဆောင်အတွင်းမှ ဧည့်သည်များကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။

"ဒီမှာ ဘယ်ကောင်ပြသနာလာရှာနေတာလဲကွ..."

"အရှင့်သားအိပ်နေတာကို မင်းသေချင်လို့လား..."

"သူ့ကို ဖမ်းကြစမ်း..."
စိတ်ဆိုးမာန်ဆိုးနှင့် အော်သံများ တည်းခိုဆောင်များအတွင်းမှ ထွက်ပေါ်လာသည်။ သို့သော် ဖှေးနှင့်ခွေးကြီး သွားနေသည်မှာ မြန်လွန်းလှသဖြင့် သာမန်လူများမြင်ပင် မမြင်လိုက်ကြချေ။ သူ့တို့အား လေပြင်းတစ်ခုဖြတ်သန်းတိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ ကြယ်အဆင့်စစ်သည်တစ်ချို့နှင့် မှော်ဆရာတစ်ချို့က ဖြစ်ပျက်နေသည်များကို မြင်နိုင်လိုက်သော်လည်း ခွေးနှင့်လူထံမှ ထွက်ပေါ်လာနေသော စွမ်းအားများကိုလည်း အာရုံခံမိသဖြင့် နောက်မှမလိုက်ရဲကြချေ။

Hail the king(1-200)Where stories live. Discover now