176

610 70 2
                                    

Uni
=======
Hail The King
အပိုင်း(၁၇၆)

ဖှေး သူ၏ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။ သို့သော် သူအိမ်မက်မက်နေခြင်းမဟုတ်ပေ။

ဤသည်မှာအလွန်းထူးဆန်းလှသည်။ ဖှေး စိုးရိမ်ထိတ်လန့်နေကြသော မီးမှူတ်သားရဲများကို စိတ်အေးလက်အေးဖြစ်စေရန်အတွက် ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ သူ၏ ဒရူးဇာတ်ကောင်၏ စွမ်းအားများကို အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။ သို့သော် အန်ဂျယ်လာမှ စစ်မြင်းများအား အချိန်တိုအတွင်း မည်ကဲ့သို့ ထိန်းနိုင်ခဲ့သနည်း။ "အန်ဂျယ်လာကလဲ ဒရူးတစ်ယောက်ပဲလား...ဒါပေမယ့်...အေဇာရုတိုက်မှာက အဲ့လိုအစွမ်းမျိုးရော ရှိရဲ့လား....." ဖှေးတွေးလိုက်မိသည်။ အန်ဂျယ်လာအား ကာကွယ်စောင့်ရှောက်မည်ဖြစ်သော အစေခံများလည်း အံ့သြနေကြ၏။

........

"အလတ်ဇန္ဒား ဘာလို့လဲတော့မသိဘူး ငါသူတို့ရဲ့ စိတ်ခံစားချက်တွေကို အာရုံခံမိနေတယ်...ငါဘာမမလုပ်ခဲပဘူးရယ် သူတို့ကိုနှစ်သိမ့်ပေးဖို့လုပ်နေတုန်း...ဒီမြင်းတွေက ဒူးထောက်နေကြတယ်....သူတို့က အတော်ယဥ်ပြီး ချစ်စရာကောင်းတာပဲ...."

အပြန်လမ်းတွင် အန်ဂျယ်လာဖှေး၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။ သို့သော် ဤအချက်မှာ ဖှေးအား ပို၍ပင်စိတ်ဝင်စားစေသည်။ ဖှေးသည် အန်ဂျယ်လာ တိရိစ္ဆာန်ချစ်တတ်သည်ကို သိရှိပြီးဖြစ်သည်။ ဟော့ခ်ဆေးပုလင်း မတိုက်ရသေးစဥ်က အမဲရောင်ခွေးကြီးသည်လည်း အလွန်ကြမ်းကြုတ်ရန်လိုကာ လူများကို အနားသို့ လုံးဝအကပ်မခံပေ။ သို့သော် အန်ဂျယ်လာမှာ ထိုစဥ်ကတည်းက အမဲရောင်ခွေးကြီးကို သူမ၏ အနားတွင် ယဥ်ပါးအောင်ထားနိုင်ပြီး သူမအလိုရှိသည်များကို အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ ဖြစ်ရပ်များစွာရှိခဲ့သော်လည်း ဖှေးမှာ သတိထားမိခဲ့ခြင်းမရှိပေ။

သို့သော် ယနေ့ဖြစ်ခဲ့သော အရာမှာ အလွန်ထူးဆန်းသည်။ ချစ်ခြင်းမေတ္တာဟူသော စကားလုံးတစ်ခုထဲဖြင့် ဖော်ပြနိုင်မည်မဟုတ်ပေ။  ဤစစ်မြင်းများမှာ အလွန်ခေါင်းမာကြသည်။ ပတ်ဝန်းကျင်အသစ်သို့ ရောက်ခါစဖြစ်သောကြောင့် ကျွမ်းကျင်မြင်ထိန်းများဖြင့် အနားမကပျနျိုငျခဲ့ကွခြေ။ ဥပဒေပြုအရာရှိများသည် လူအင်အားများများဖြင့် ခွန်အားများများအသုံးပြု၍ ၄င်းတို့အား မြင်းဇောင်းထဲသို့ မရမကခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ "မြင်းထိန်းခြင်းအတွေ့ကြုံလုံးဝမရှိတဲ့အန်ဂျယ်လာက ဘာလို့ဒါမျိုးလုပ်နိုင်တာပါလိမ့်...ဒါက တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ တိရစ္ဆာန်တွေကရော ရုပျဆျိုးတာ ရုပ်ချောတာ ခွာခြားတတ်ကြတာလား....အန်ဂျယ်လာက ချစ်စရာလေးမို့လို့များ နာကျင်အောင်မလုပ်ချင်ကြတာလားမသိ...ဒါကလဲ မဖြစ်နိုင်ပါဘူးလေ..."

Hail the king(1-200)Where stories live. Discover now