Uni
=====
Hail The King
အပိုင်း(၄၉) "အောက်လမ်းဆရာ၏ အစွမ်း""ချမ်းဘော့ဒ် တိုင်းပြည်အတွက်ကွ...."ဖှေး သူ၏ လူများအား အားပေးရန် မမေ့ချေ။
အော်နေရင်းနှင့်ပင် သူ၏ပုဆိန်နှင့် တိုက်ခိုက်နှုန်းမှာ နှေးကွေးမသွားချေ။ သူ၏ရှေ့မှ ရန်သူအား နှစ်ချက်ခန့်ခုတ်ထည့်လိုက်ရာ သုံးပိုင်းဖြစ်သွားတော့သည်။အဝေးသို့လှမ်းကြည့်လိုက်ရာ ရန်သူများမှာ အနောက်သို့ ကိုက်အနည်းငယ်ခန့်ဆုတ်ခွာသွားပြီး ခုခံမှုဖွဲ့စည်းပုံနောက်တစ်ခုထက်လုပ်နေကြောင်းတွေ့လိုက်ရသည်။
ဖှေး အနည်းငယ်ပင်အထင်ကြီးသွားသည်။ ရန်သူ့စစ်သားများ၏ ဖွဲ့စည်းပုံကို ပြန်ဆင်ပြီး ပြန်လည်ဖွဲ့စည်းလိုက်သည်မှာ သူထင်ထားသည်ထက်ပင် မြန်ဆန်၍နေလေသည်။ရှေ့သို့ဆက်လက်တိုက်ခိုက်ရန်မှာ ယခုအခါတွင် ပိုမိုခက်ခဲသွားပြီဖြစ်သည်။ သို့သော်လည်း ပစ်ပြီးသားမြှားအား ပြန်လည် ရုတ်သိမ်းလို့မရချေ။ဆက်လက်တိုက်ခိုက်သွားရမည်သာ ဖြစ်သည်။
ရန်သူ့၏ဖွဲ့စည်းပုံအား အမြန်ကျော်ဖြတ်ပြီး လှေကားကြီးများနှင့် ကျောက်တုံးပစ်လောက်လွှဲ ကြီးများကို ဖျတ်ဆီးပစ်ရမည်ဖြစ်သည်။
ယခုကာလတွင် အချိန်သည်အသက်ထက်အရေးကြီး၏။
သူတို့၏ ချီတပ်သည့် နှုန်းမှာ လျှော့ကျသွား၍မဖြစ်ပေ။ရန်သူ၏ခေါင်းဆောင်မတုံ့ပြန်နိုင်ခင်မှာပင် အပြီးသက်ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။အချိန်များစွာကြာမြင့် သွားပြီး လမ်ဒီအပါအဝင် ကြယ်အဆင့်စစ်သည်များရောက်ရှိလာပါက လွယ်ကူတော့မည်မဟုတ်ပေ။ ဖှေးဖြင့်ပါလာသော စစ်သည်အများစုမှာ ကြယ်အဆင့်များမဟုတ်ကြပေ။ ဖှေးတစ်ယောက်တည်းလွတ်မြောက်နိုင်စေကာမူ ၄င်းတို့မှာ လွတ်မြောက်နိုင်ကြမည်မဟုတ်ကြ။
"ဖွဲ့စည်းပုံကို အမြန်ပြန်ပြင်ကြ။"
စစ်သားနှစ်ဆယ်မှာ တိုက်ပွဲကြာလာသောကြောင့် လျှော့လျှော့ရဲရဲ ဖြစ်လာသော ဖွဲ့စည်းပုံကို အမြန်ပင်ပြင်လိုက်ကြသည်။ဖှေး၏ ဘယ်ဘက်နှင့် ညာဘက်တွင် ပီးရာ့စ် နှင့် ဒရော့ဂ်ဘာ တို့ ကိုယ်စီရှိနေကြသည်။သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်တွင် ရန်သူများ၏ သွေးများဖြင့် ဖုံးလွှမ်းနေ၏။
သွေးများအရိုးစများမှာ သူတို့လက်နက်များပေါ်တွင် ဖုံးလွှမ်းလျက်ရှိသည်။ သူတို့၏ အသွင်ပြင်မှာ ငရဲထိန်းများကဲ့သို့ပင် သွေးများဖြင့် နီရဲနေ၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...