Uni
=======
Hail The King
အပိုင်း(၁၈)ဖှေး စိတ်ကို မနည်းထိန်းပြီး တတိယမြောက်မေးခွန်းအားထက်မံမေးမြန်းလိုက်သည်။"ဒီကမ္ဘာက ပစ္စည်းတွေကို ကျွန်တော့ ကမ္ဘာကို ယူသွားလို့ရနိုင်မလား။"
အကယ်၍ အာကာရာမှ ထက်မံ၍ "ဘုရားသခင်အလိုတော်အတိုင်း" "မသိဘူး"ဟုဖြေကြားပါက ဖှေး စိတ်ထိန်းနိုင်တော့မည် မဟုတ်ချေ။ သူပုန်စခန်း၏ ခေါင်းဆောင် ဖြစ်စေကာမူ အာကာရာနှင့် ပြသနာဖြစ်တော့မည်ဖြစ်သည်။
ကံကောင်းစွာပင် အာကာရာ၏ အဖြေမှာ ထိုကဲ့သို့ မဟုတ်ချေ။
"ငယ်ရွယ်တဲ့ခရီးသွား ဒီကမ္ဘာကစည်းမျဥ်းတွေကို အသင်သိပြီးဖြစ်တယ်လေ။ ဘယ်အရာမှတော့ အလကားမရနိုင်ပါဘူး။ဟီးဟီး... တန်ရာတန်ကြေးပေးရင်တော့ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်....."
"ဒါဆို သင်ဆိုလိုတာက ပိုက်ဆံပေးရင် ကျွန်တော်ပစ္စည်းတွေကို ယူသွားလို့ရတယ်ပေါ့...."
"ဒါက အသင့်ရဲ့ ၄ခုမြောက်မေးခွန်းလား လူငယ်...."
"တော်တော် ခက်တဲ့အမျိုးသမီးပဲ" ဖှေးတွေးလိုက်မိ၏။
ဖှေးသည် ခေါင်းခါယမ်းကာ "မဟုတ်ပါဘူး။"ဖှေးသည် အာကာရာ၏လောဘကို အတော်လန့်နေပြီဖြစ်သည်။အလျင်အမြန်ပဲ သူ၏ ၄ခုမြောက်မေးခွန်း အားမေးလိုက်သည်။ "ကျွန်တော်ဘာလို့ ဒီကမ္ဘာမှာ အချိန်အတိုင်းတာတစ်ခုထိပဲနေနိုင်ရတာလဲ။ကျွန်တော့ခေါင်းထဲက အသံကရော ဘာတွေလဲ။"
"အဲ့ဒါက သင့်ရဲ့ စိတ်စွမ်းအားမရင့်ကျက်သေးလို့ပါ။စိတ်စွမ်းအား ထက်သန်လာပြီဆိုရင် သင်နေချင်သလောက်နေနိုင်လိမ့်မယ်။လောလောဆယ်တော့ ၄နာရီထိပဲ အများဆုံးနေနိုင်သေးတယ်။"
"သြော် အဲ့တာကြောင့် လား" ဖှေးနားလည်သွား၏။
ဖှေး မေးပြီးသော် တစ်ဖက်သို့အမြန်လှည့်ကာထွက်သွား၏။ကွန်ပျူတာဇာတ်ကောင်များကို မည်သူက ဦးနှောက်မရှိဟူသော အယူဆကြောင့် ဖှေး အာကာရာနှင့် ဆွေးနွေးရာတွင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
"အသင့်မှာ မေးခွန်းတစ်ခုကျန်သေးတယ်လေ....."အနောက်မှ အာကာရာမှ လှမ်းအော်လိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...