38

839 95 2
                                    

Uni
======
Hail The King
အပိုင်း(၃၈)

"ဟမ် ဘယ်ကသာ ငါနင့်ကိုအလုပ်ဖြုတ်နေတာ မဟုတ်ပါဘူး။"အယ်လီနာ၏ ထိတ်လန့်တကြားအပြုအမူကြောင့်ဖှေး ကြောင်သွား၏။"နင် အထင်လွဲနေတာဖြစ်မယ် အယ်လီနာ ငါဒီအလုပ်ကို တစ်ယောက်ထဲ ပြီးအောင်အရင်လုပ်မလို့ ဒါပြီးနောက်အလုပ်လုပ်ရင် နင့်ကို ခေါ်သွားမှာပါ။"

"ဒါပေမယ့်... ဆရာ"

အယ်လီနာသည် ဖှေးမှအလုပ်ထုတ်သည်ဟု ဆိုလိုခြင်းမဟုတ်မှန်း သိပြီးနောက် စိတ်သက်သာရာရသွားသော်လည်း ဖှေးနှင့်အတူဆက်လိုက်လိုက်ပါလိုဆဲ ဖြစ်သည်။ အယ်လီနာ၏ စိတ်တပိုင်းတစက ဖှေးနှင့်ပဲ အတူရှိနေလို၏။ထို့အပြင် သူတို့၏ဆရာအား မကောင်းဆိုးဝါးများနှင့် တစ်ယောက်ထဲတိုက်ခိုက်စေခြင်းသည် ကိုယ်ရံတော်များအတွက် ရှက်စရာအပြုအမူဟုလည်း မြင်သောကြောင့်ပင်။

"အိုကေ ငါအချိန်သိပ်မရလို့။ နောက်မှပဲသေချာရှင်းပြတော့မယ် ဟုတ်ပြီလား..."

ဖှေးလည်း အယ်လီနာနှင့်အတူရှိနေရခြင်းကို နှစ်သက်သော်လည်း အပြင်လောကရှိ ချမ်းဘော့ဒ် တိုင်းပြည်ရင်ဆိုင်နေရသော အန္တရာယ်များကိုတွေးကြည့်ပါက ဖြုန်းစရာအချိန်မရှိချေ။ဖှေးအယ်လီနာအား ထားခဲ့ပြီး ပေါ်တယ်ထဲသို့ ပြန်ဝင်ရန်ပြင်သည်။အယ်လီနာလိုက်မလာစေရန် ထရမ်စတမ်မြို့ထဲသို့ရောက်ရောက်ခြင်း ပေါ်တယ်ကိုပင် ဖျတ်ဆီးပစ်လိုက်သည်။

အယ်လီနာ ပေါ်တယ်ရှိခဲ့သောနေရာသို့ ငေးမိုင်ကာ ကျန်ရစ်ခဲ့သည်။ သူမ၏ မျက်နှာအမူအရာများမှာ အနည်းငယ်ပင်ရှုပ်ထွေး၏။နောက်တများ၊စိတ်ပျက်မှုများနှင့် ဘာကြောင့်မှန်းမသိ ပျော်ရွှင်မှုများကိုပါတွေ့ရသည်။ထို့နောက်တွင် သူမ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့၏။

..........

..........

"ဂါး"

ပေါ်တယ်အား ပိတ်ချပြီးသည်နှင့် ပထမဦးဆုံးဖှေးပြုလုပ်သည်မှာ သူ၏ [ဟိန်းဟောက်ခြင်း]အစွမ်းကို အသုံးပြုလိုက်ခြင်းပင်။

ထိုအရာသည် အလွန်ထိရောက်မှုရှိ၏။ ထူခြားပြီး ကြောက်မယ်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများသည် သူ၏ ဟိန်းသံနှင့်အတူ ပျံ့နှံ့သွားလေသည်။ အရိုးခြောက်လေးသည်တော်များ ထိတ်လန့်တခြားဖြစ်ကာ ထွက်ခွာပြေးကြသည်။

Hail the king(1-200)Where stories live. Discover now