31

848 95 2
                                    

Uni
======
Hail The King
အပိုင်း(၃၁)

ပီးရာ့စ်သည် ရှေ့ထွက်လာပြီး အိုလက်ဂ် အားစိတ်ဆိုးစွာ အော်ဟစ်လိုက်သည်။ "ဟေ့ကောင် အိုလက်ဂ် စောက်ကြောက် ပေါက်ကရတွေရှောက်မပြောနေနဲ့ မင်းကသေရမှာပဲကြောက်နေတာ မင်းကထောင်မှူးဆိုတော့ ကျွန်လဲလုပ်ရမှာမဟုတ်ဘူးလေ။ မြို့သူမြို့သားတွေအတွက်ရော မင်းထည့်မတွေးဘူးလား။ကျွန်လုပ်ရတာက သတောထကျပိုဆျိုးတယျဆိုတာကို မင်းရောငါရောလူတိုင်းသိတယ်..."

ထို့နောက်တွက်ပီးရာ့စ်သည် ဖှေးဘက်သို့လှည့်ကာ "အရှင်မင်းကြီးကျွန်တော်တို့ကို တိုက်ပွဲဝင်ဖို့အမိန့်ပေးပါ ကျွန်တော်တို့တွေက နှိမ့်ကျတဲ့ကျေးကျွန်တွေဖြစ်လာမယ့်အစား စစ်မြေပြင်မှာပဲ အသေခံဖို့ဆန္ဒရှိပါတယ်။"ဟုပြောလိုက်၏။

ပီးရာ့စ် သည်အလွန်ပင် စိတ်ခံစားချက်ပြင်းထန်နေ၏။ ဘရွတ်လဲရှေ့ထွက်လာပြီး ဒူးတစ်ဖက်ထောက်ကာ "အရှင်မင်းကြီး ကျွန်တော်လဲ အဲ့ဒီလိုပါပဲ ကျွန်ခံမယ့်အစား တိုက်ပွဲပဲဝင်လိုပါတယ်။"

ကျန်စစ်သားများနှင့် လူငယ်များလည်း ဘရွတ်နှင့်အတူ လိုက်လံဒူးထောက်ကြ၏။

အေဇာရုတိုက်တွင် ကျေးကျွန်များ၏ဘဝသည် သေသည်ထက်ပင် ဆိုးဝါးလှ၏။ သူတို့၏အသတ်များကို သခင်များကသာပိုင်၏။အလုပ်ကြမ်းများစွာကိုနေ့စဥ်လုပ်ကိုင်ကြရသည်။ ကျွန်ဖြစ်သည်မှစ၍ ရောဂါနှင့်ဖြစ်စေ အလွန်မောပန်းလွန်း၍ဖြစ်စေ သေဆုံးကြသည်အထိမျှော်လင့်ချက် ဟူ၍မရှိပေ။သူတို့၏ မွေးဖွားသောကလေးများပင်လျှင် ကျွန်ဘဝသို့ကျရောက်ကြမည်ဖြစ်သည်။

"အရှင်မင်းကြီး ကျွန်တော်တို့အားလုံး ချမ်းဘော့ဒ်တိုင်းပြည်ကို အသက်စွန့်ပြီး ကာကွယ်ဖို့ဆန္ဒရှိပါတယ်။"စစ်သားများသည် သူတို့၏ ငယ်ရွယ်သောဘုရင်အား စိုက်ကြည့်ပြီး လျှောက်တင်လိုက်သည်။ သူတို့၏သွေးများမှာ ဆူပွက်နေပြီဖြစ်သည်။

ဖှေးသည်လည်း ထို့နည်းတူစွာပင်ဖြစ်သည်။ သူ့စိတ်ထဲတွင် ယုံမှားသံသယများ စိုးရိမ်စိတ်များမရှိတော့ပေ။စိတ်ထဲတွင်ရဲရင့်မှုများနှင် ဂုဏ်သိက္ခာများသာ ကျန်ရှိတော့သည်။ထို့နောက်တွင် တစ်ခုခုပြောရန်ကြံရွယ်နေတုန်း အကြံတစ်ခုရကာ ဘစ်ဇားဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။"ငါဘာလုပ်သင့်တယ်လို့ထင်လဲ ဘစ်ဇား"

Hail the king(1-200)Where stories live. Discover now